မန္တလေးမြို့လယ်ခေါင်ရှိ ဆရာဝန်အိမ် အနုကြမ်းစီးခံရ

မန္တလေးမြို့လယ်ခေါင်ရှိ ဆရာဝန်အိမ် အနုကြမ်းစီးခံရ

မန္တလေးမြို့လယ်ခေါင်ရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက အနုကြမ်းစီးခံရပြီး အိမ်ရှင်ဖြစ်သူ ဓားထိုးခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ၃၁ လမ်း၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြားရှိ ဆရာဝန်တစ်ဦး၏ နေအိမ် အနုကြမ်းစီးခံရခြင်းဖြစ်ပြီး ၎င်းအားတပည့်ဖြစ်သူက အနုကြမ်းစီးပြီးဓားဖြင့် ထိုးသွားကြောင်းသိရသည်။

“ဆရာကအိမ်ထဲရှိနေချိန်မှာ သူ့တပည့်က ပစ္စည်းလုယက်တာပါ၊ မြေစာချုပ်ကိုလည်း အတင်းလက်မှတ်ထိုးခိုင်းတယ်၊ နောက်တော့ ဓားနဲ့လည်းထိုးတယ်၊ ဆရာက ပတ်ဝန်းကျင်ကိုအော်ဟစ် အကူအညီတောင်းနိုင်လို့ အိမ်နီးချင်းတွေက ဝင်ဖမ်းတယ်၊ အဲကောင်ကိုဖမ်းမိတယ်၊ ဆရာ့ကိုတော့ ဆေးရုံပို့ထားရတယ်”ဟု အခင်းဖြစ်နေအိမ် မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်က ဆရာဝန်တစ်ဦးတည်း နေအိမ်အတွင်းရှိနေစဉ် တပည့်ဖြစ်သူ ရောက်လာပြီး အနုကြမ်းစီးလုယက်ကာ ဓားဖြင့်ပါထိုးသွားခြင်းဖြစ်ကြောင်း၊ ဓားထိုးခံရသည့် ဆရာဝန်သည် စိုးရိမ်ဒဏ်ရာ ရရှိထားကြောင်းလည်း မိသားစုနှင့် နီးစပ်သူများကပြောသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...