အိန္ဒိယသို့ ပြည်ပရောက်နိုင်ငံသားတို့ထံမှ ပြန်ပို့ငွေ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၈၇ ဘီလျံရှိကာ အမေရိကန်မှ အများဆုံး ဖြစ်

အိန္ဒိယသို့ ပြည်ပရောက်နိုင်ငံသားတို့ထံမှ ပြန်ပို့ငွေ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၈၇ ဘီလျံရှိကာ အမေရိကန်မှ အများဆုံး ဖြစ်

အိန္ဒိယသို့ ပြည်ပရောက် နိုင်ငံသားများက ပြန်ပို့ငွေသည် ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၇ ဘီလျံရှိခဲ့ကာ အမေရိကန်နိုင်ငံမှ ပြန်ပို့ငွေအများဆုံးဖြင့် ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

“ကမ္ဘာပေါ်တွင် ပြည်ပရောက်နိုင်ငံသားများက ပြန်ပို့ငွေရရှိမှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသို့ ဝင်ရောက်ငွေသည် အမေရိကန်ဒေါ်လာ ၈၇ ဘီလျံရှိခဲ့ကာ ကူညီထောက်ပံ့ငွေ (အောက်စီဂျင် အိုးများဝယ်ယူပေးခြင်းအပါအဝင်) အများအပြားလည်း ပါဝင်ခဲ့သည်” ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ပြည်ပမှပြန်လည်ပေးပို့ငွေအများဆုံးရရှိမှုတွင် အိန္ဒိယပြီးနောက် တရုတ်၊ မက္ကဆီကို၊ ဖိလစ်ပိုင်နှင့် အီဂျစ်တို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

အိန္ဒိယသို့ ပြန်လည်ပေးပို့ငွေပမာဏသည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၈၉ ဒသမ ၆ ဘီလျံဖြင့် ၃ ရာခိုင်နှုန်း မြင့်တက်နိုင်သလို အာရပ်နိုင်ငံများမှ ပြန်လာရန် စောင့်ဆိုင်းသူအများအပြားရှိနေသည်။

ဝင်ငွေနည်းနှင့် အလယ်အလတ်ရှိသော နိုင်ငံများသို့ ပြန်ပို့ငွေသည် ၂၀၂၁ ခုနှစ်အတွင်းက ၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ကာ စုစုပေါင်း ဒေါ်လာ ၅၈၉ ဘီလျံရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး တုန့်ဆိုင်းမှု ဆိုးရွားစွာ ဖြစ်ပွားခဲ့ပြီး ပြည်ပမှ ပြန်လည်ငွေပေးပို့ခြင်းသည် ၂၀၂၀ ပြည့်နှစ်က ကျဆင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် လျင်မြန်စွာ ပြန်လည်တိုးတက်ကောင်းမွန်ခဲ့သောကြောင့် ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုများပြားခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ရွှေ့ပြောင်းအခြေချမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...