မြန်မာစစ်တပ်အား အကူအညီအားလုံး ရပ်တန့်ရန် နိုင်ငံတကာကို အမေရိကန် အပါအဝင် ၇ နိုင်ငံ တိုက်တွန်း

မြန်မာစစ်တပ်အား အကူအညီအားလုံး ရပ်တန့်ရန် နိုင်ငံတကာကို အမေရိကန် အပါအဝင် ၇ နိုင်ငံ တိုက်တွန်း

မြန်မာစစ်တပ်အား အကူအညီအားလုံး ရပ်ဆိုင်းပစ်ရန် နိုင်ငံတကာ အသိုင်းအဝန်းအား အမေရိကန်နှင့် အခြား ခြောက်နိုင်ငံက ပူးတွဲထုတ်ပြန်ကာ သောကြာနေ့၌ တိုက်တွန်းသည်။

မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်သည့် သတင်းများနှင့် ပတ်သက်ပြီးလည်း အထူး စိုးရိမ်ပူပန်ရသည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု အရှိန်မြင့်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေချိန်၌ အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးအတွက် တိုးပွားလာသော တက်ကြွသည့် လက်နက်ကိုင် တော်လှန်မှုများကို ဖြိုခွင်းနိုင်ရေး စစ်တပ်က ကြိုးပမ်းလျက် ရှိနေခြင်း ဖြစ်သည်။

“အမြောက်ကြီးပစ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး သုံးတာတွေရဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ တပ်ဖြန့်တာ အပါအဝင် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ လက်နက်သိုလှောင်မှုတွေနဲ့ ပတ်သက်လို့ မိမိတို့ စိုးရိမ်ပူပန်ကြောင်း၊ လုံခြုံရေး တပ်တွေက တန်ပြန်အကြမ်းဖက် စစ်ဆင်ရေး ဆိုထားပေမယ့် အရပ်သားတွေအပေါ် အချိုးအစား မညီစွာ သက်ရောက်နေခြင်းအတွက် စိုးရိမ်ရကြောင်း” အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“လိင်အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများနှင့် ပတ်သက်သော ယုံကြည်ရသည့် သတင်းများ’၊ အထူးသဖြင့် နိုင်ငံ မြောက်ပိုင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြန်မာ အနောက်မြောက်ပိုင်းတွင် အစိုးရ၏ တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ပြောင်းရွှေ့ရသည်။

ယခု ပူးတွဲထုတ်ပြန်ချက်၌ ပါဝင်သော နိုင်ငံများသည် မြန်မာနိုင်ငံအား လက်နက်တင်ပို့ခွင့် ပိတ်ပင်ထားပြီး ဖြစ်သည့် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရအား ဖယ်ရှားပြီး အာဏာသိမ်းခဲ့သည်။ ယခု ထုတ်ပြန်ချက်၌ ပါဝင်သည့် နိုင်ငံများက အာဏာသိမ်းမှု နောက်ကွယ်၌ ပါဝင်သော ဗိုလ်ချုပ်ကြီးများအား ဖိအားပေးရန် သံတမန်ရေးနှင့် စီးပွားရေး ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများလည်း ချမှတ်ထားသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...