အတိုင်ပင်ခံပုဂ္ဂိုလ်အားစွဲဆိုထားသော သဘာဝဘေးအမှု ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေအရ သက်သေထွက်ဆိုနိုင်ခြင်းမရှိ

အတိုင်ပင်ခံပုဂ္ဂိုလ်အားစွဲဆိုထားသော သဘာဝဘေးအမှု ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေအရ သက်သေထွက်ဆိုနိုင်ခြင်းမရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအမှုအတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ခံပြသက်သေထွက်ဆိုရန်ဆင့်ခေါ်ထားသော်လည်း ကျန်းမာရေးအခြေအနေအရ လာရောက်ထွက်ဆိုနိုင်ခြင်းမရှိကြောင်း တရားသူကြီးက ရှင်းပြခဲ့သည်ဟု ရှေ့နေအဖွဲ့နှင့်နီးစပ်သူအသိုင်းအဝိုင်းကဆိုသည်။

နိုဝင်ဘာ ၂၃ ရုံးချိန်းတွင် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သည် ရောဂါဝေဒနါအမျိုးမျိုးခံစားနေရသည့်အတွက် ခရီးသွားလာခွင့်မပြုသင့်ကြောင်း အစိုးရကျန်းမာရေးအရာရှိ၏ ဆေးလက်မှတ်ကို စွပ်စွဲခံရသူများကို ထုတ်ပြခဲ့သည်။

ရုံးချိန်းတွင် ကြားနာစစ်ဆေးသော သဘာဝဘေးအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားလိုဦးညီညီက စွဲဆိုထားသည့်အမှု တစ်ခုဖြစ်သည်။

ထို့နောက် စွပ်စွဲခံရသူများဘက်မှ သက်သေထွက်ဆိုလိုခြင်းရှိမရှိ တရားသူကြီးကမေးမြန်းခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေအဖွဲ့က နောက်ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင်၏ သက်သေထွက်ဆိုချက်ကို မည်သို့ ယူသင့်သည်ဆိုသော အချက်ကို တင်ပြသွားမည်ဟု ပြန်လည်လျှောက်ထားခဲ့သည်။

ယင်းအတွက် တရားသူကြီးက ရှေ့နေအဖွဲ့၏ တင်ပြလျှောက်ထားမှုကို ကြားနာသွားမည် ဆုံးဖြတ်ချက် ချမှတ်ပြီး နိုဝင်ဘာ ၃၀ ရက်ကို ပြန်လည်ချိန်းဆိုလိုက်သည်။

ယင်းနေ့တွင်ပင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်အပါအဝင် သုံးဦးအား စွဲဆိုထားသော ဆူပူအောင်လှုံဆော်စေမှု ပုဒ်မ၅၀၅ (ခ)အမှုအတွက် အပြီးသတ် စီရင်ချက်အမိန့်ချသွားမည်ဖြစ်သည်။

ထို့အပြင် ယင်းနေ့၌ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စွဲဆိုထားသော သဘာဝဘေးပုဒ်မ ၂၅ အတွက်လည်းအပြီးသတ်စီရင်ချက်အမိန့် ချသွားမည်ဖြစ်သည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...