နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားသော သဘာဝဘေးအမှုအပြီးသတ်စီရင်ချက်ချမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားသော သဘာဝဘေးအမှုအပြီးသတ်စီရင်ချက်ချမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှု ဥပဒေပုဒ်မ ၂၅ အမှုအတွက် အပြီးသတ်စီရင်ချက်အမိန့် ချသွားတော့မည်ဖြစ်သည်။

နိဝင်ဘာ၂၂ ရက်နေ့ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသော အမှုသုံးမှုနှင့် သမ္မတကြီးဦးဝင်းမြင့်ကိုစွဲဆိုထားသော အမှုတစ်မှုအတွက် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်အထူးတရားရုံး တွင် ရုံးထုတ်ကြားနာခဲ့ကြခြင်းဖြစ်သည်။

နံနက် ၁၀ နာရီခွဲတွင် တရားခွင်ကိုစတင်ခဲ့ကြပြီး သမ္မတကြီးအားစွဲဆိုထားသော သဘာဝဘေးအမှုအတွက် ကြားနာစစ်ဆေးခဲ့ပြီးနောက် အပြီးသတ်စီရင်ချက်ချမှတ်ရန်စွပ်စွဲခံရသူနှင့်တရားလိုဘက်တို့က အပြီးသတ်လျှောက်လဲချက်များ ရေးသားတင်သွင်းခဲ့ကြသည်။

ထို့နောက် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအမှုအတွက်ကြားနာစစ်ဆေးခဲ့ပြီးသမ္မတနည်းတူ အပြီးအပြီးသတ်စီရင်ချက်ချရန် အပြီးသတ်လျှောက်လဲချက်ကိုနှစ်ဘက်ရေးသားတင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံနှစ်ဦးစလုံးကို အပြီးသတ်စီရင်ချက်အမိန့်ချရန် အထူးတရားရုံးတရားသူကြီးဦးမောင်မောင်လွင်ကဒီဇင်ဘာ ၆ ရက်ကိုချိန်းဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသော ပို့ကုန်သွင်းကုန်အမှုနှင့် ဆက်သွယ်ရေးအမှုနှစ်ခုကို ဆက်လက်ကြားနာရာ သူမကိုယ်တိုင် ခုခံချေပ ထွက်ဆိုခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်စလုံး ယနေ့တွင် ကျန်းမာရေးအထူးကောင်းမွန်သည်ဟု တရားရုံးနှင့်နီးစပ်သူတစ် ဦးကဆိုသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...