ပုသိမ်မြို့၊ အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအတွင်း ပေါက်ကွဲမှုဖြစ် ဟုဆို

ပုသိမ်မြို့၊ အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအတွင်း ပေါက်ကွဲမှုဖြစ် ဟုဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ သရက်ကုန်းကျေးရွာအနီး အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းရှိ အမှတ်(၉၀၇) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတွင် နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့် အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

"ပေါက်ကွဲတဲ့အသံက ဒီအနားပတ်လည်က ရွာတွေ အကုန်ကြားရတယ်။ တပ်ထဲမှာနေတဲ့သူတွေ ပြောတာတော့ တပ်ထဲက လက်နက်တွေနဲ့ ယမ်းတွေ သိုလှောင်တဲ့ အခန်းက ပေါက် ကွဲတာလို့ပြောတယ်။ စက်ယန္တရားတစ်ခု ပေါက်ကွဲတာလို့လည်း ပြောတယ်။ သေတော့ မသေချာသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အမှတ်(၉၀၇) စစ်မြေပြင်အင်ဂျင်နီယာတင်ရင်းအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ဟု သိရပြီး သေနတ်သံများလည်း ကြားနေရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းရှိ မီးသတ်ကားများအပြင် ပုသိမ်မြို့ပေါ်ရှိ မီးသတ်ကားများကပါ သွားရောက်မီးငြိမ်းသတ်နေသည်ဟု သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများကပြောသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...