မိုင်တဲ တာဝါတိုင်စောင့် စစ်သားနှစ်ဦး အသတ်ခံရအပြီး တွံတေးတွင် စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများလုပ်နေ

မိုင်တဲ တာဝါတိုင်စောင့် စစ်သားနှစ်ဦး အသတ်ခံရအပြီး တွံတေးတွင် စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများလုပ်နေ

တွံတေးမြို့နယ်၌ မိုင်တဲ တာဝါတိုင်စောင့် အရပ်ဝတ် စစ်သားနှစ်ဦးပစ်သတ် ခံခဲ့ရအပြီး စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ လုပ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

တွံတေးမြို့နယ် စမ်းရွာကျေးရွာရှိ မိုင်တဲ တာဝါတိုင်ကို လုံခြုံရေး ယူနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် PDF Twantay က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ပစ်ခတ်မှုနောက်ပိုင်း ယင်းနေရာ အနီးတဝိုက် ရွာများကို စစ်ကောင်စီတပ်များက စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အလုပ် သွားလာနေတဲ့ သူတွေကိုလည်း ဖမ်းဆီးနေတယ်။ ညကလည်း လာကပုံ ရွာက အမျိုးသမီးကို ဖမ်းသွားတယ်။ ဒီနေ့ မနက်ပိုင်းကလည်း စမ်းရွာကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ငါးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဘုရားကြီး ကျေးရွာလမ်း နံဘေးမှာ ရှိတဲ့ ဆိုင်တွေကိုလည်း ပျုစောထီးလို့ ယူဆရတဲ့ တုတ်၊ ဓားကိုင်ထားတဲ့ လူတစ်စုက ခုတ်ဖြတ် ရှင်းလင်းတာတွေလည်း ရှိတယ် ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူ အရေအတွက်နှင့် မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ကို မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီး သတ်ဖြတ်မှုများ ရှိနေသော်လည်း တော်လှန်ရေးရဲဘော်များက မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများကလည်း စစ်ကောင်စီတပ်များ၊ ၎င်းတို့နှင့် ပတ်သက်သူများ အနီးအနားတွင် မနေကြရန် PDF Twantay တာဝန်ရှိသူ တစ်ဦးက ပြောထားသည်။

ယမန်နေ့က သေဆုံးသွားသော တာဝါတိုင်စောင့် စစ်သားနှစ်ဦး ဖြစ်စဉ်နှင့် ပတ်သတ်၍ ၎င်းတို့ လုပ်ဆောင်ကြောင်း PDF Twantay က အတည်ပြုထားပြီး ပျံလွှားအောင် စစ်ဆင်ရေးအတွင်းမှ တစ်ခု ဖြစ်သည်ဟု ဆိုသည်။

"ပျံလွှားအောင်က ဆက်လက်ပျံသန်းနေပါမယ်" ဟု PDF Twantay အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...