ဆေးဝန်ထမ်းများအား စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးမှုအပေါ် NUG ပြင်းထန်စွာ ရှုတ်ချ

ဆေးဝန်ထမ်းများအား စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးမှုအပေါ် NUG ပြင်းထန်စွာ ရှုတ်ချ
ကလေးမြို့နယ်တွင် ဖမ်းဆီးခံရသော ဆေးဝန်ထမ်း အမျိုးသမီးများ
ကလေးမြို့နယ်တွင် ဖမ်းဆီးခံရသော ဆေးဝန်ထမ်း အမျိုးသမီးများ

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူများ၊ ပရဟိတဝန်ထမ်းများကို ဖမ်းဆီးခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းတို့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

ကလေးမြို့နယ် အနောက်တောင်ပိုင်းရှိ နယ်မြေတစ်ခုအတွင်း အရေးပေါ် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသူ အမျိုးသမီးများအပါအဝင် ဆေးဝန်ထမ်းများကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးခဲ့သည်။

ယင်းအပြင် ထိုနေ့ မွန်းလွဲပိုင်းကလည်း ဘားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဆေးနှင့် ဆေးပစ္စည်းများကို ယူဆောင်သွားကာ ဆေးရုံဝန်ထမ်းများမှာ ကြိုတင်တိမ်းရှောင်နိုင်ခဲ့သည့်အတွက် ဖမ်းဆီးမခံခဲ့ရကြောင်း NUG ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက် ချေမှုန်းနေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် (၂၂၈၆) အပါအဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း NUG၏ ကျန်းမာရေးဌာနက ထောက်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အဆိုပါ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းများအဖြင့် အချိန်မီ ထိရောက်စွာ အမြန်ဆုံးတားဆီးအရေးယူရန် လိုအပ်ကြောင်းလည်း NUG ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...