ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ ရဲကင်းတိုက်ခိုက်ခံရကာ ရဲ ၅ ဦးသေဆုံးပြီး သေနတ်အချို့ပါသွား

ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ ရဲကင်းတိုက်ခိုက်ခံရကာ ရဲ ၅ ဦးသေဆုံးပြီး သေနတ်အချို့ပါသွား

ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ ရှိ ရဲကင်းတိုက်ခိုက်ခံရကာ ရဲငါးဦးသေဆုံးပြီး သေနတ်အချို့ပါသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရဲများ၏ သေနတ်အချို့ပါသွားခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် လေးဦးမှာပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဆေးရုံသို့ ရောက်ရှိပြီးမှ သေဆုံးခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္ဈိမ သို့ပြောသည်။

ယင်းရဲကင်းမှာစခန်းမှာ ဖြူးမြို့နယ်အပိုင်တွင်တည်ရှိကာ ဒေသအခေါ်အရ စေတီတစ်ထောင်ရဲကင်းဟုခေါ်ဆိုကြောင်း ဒေသခံအချို့ကပြောသည်။

အခင်းဖြစ်နေရာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးခဲ့ပြီး အမြန်လမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Most read this week

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...