ဖေဖော်ဝါရီမှ ဧပြီ အထိ ၃ လအတွင်း Mytel ကုမ္ပဏီ ဒေါ်လာ ၂၄.၉ သန်းထိခိုက်ခဲ့

ဖေဖော်ဝါရီမှ ဧပြီ အထိ ၃ လအတွင်း Mytel ကုမ္ပဏီ ဒေါ်လာ ၂၄.၉ သန်းထိခိုက်ခဲ့

စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းသည် အာဏာသိမ်းအပြီး ပြည်သူလူထု၏ သပိတ်မှောက်မှုများကြောင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ သုံးလအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၄.၉ သန်း ထိခိုက်ခဲ့ကြောင်း Justic For Myanmar အဖွဲ့က ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

သုံးစွဲသူများနှင့် အရောင်းဆိုင် ပိုင်ရှင်များကလည်း Mytel ကွန်ရက်ကို ကျောခိုင်းခဲ့ကြရာ အသုံးပြုသူ နှစ်သန်း အထိ ဆုံးရှုံးခဲ့ကြောင်းလည်း ဆိုထားသည်။

အလားတူ အရောင်းကိုယ်စားလှယ်များလည်း ငါးလ အတွင်း ဦးရေ ၁၆,၀၀၀ ကျော်အထိ လျော့ကျခဲ့ကြောင်း ဆိုထားသည်။ Mytel ၏ အရောင်းမြှင့်တင်ရေး ဝန်ထမ်းအများစုသည် စစ်ကောင်စီ တပ်သားများ ဖြစ်ပြီး စစ်ဌာနချုပ်များတွင် အထူးသီးသန့် ကြိုတင် ရောင်းချခွင့်ဖြင့် ဝယ်ယူခိုင်းခဲ့ခြင်း ဖြစ်သည် ဟု Justic For Myanmar က ဆိုသည်။

Mytel ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တို့ ပူးပေါင်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်း ဖြစ်သည်။

အစုရှယ်ယာများကို ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် ဗီယက်တဲလ် (Viettel) က ရှယ်ယာ ၄၉ ရာခိုင်နှုန်း မြန်မာစစ်တပ်၏ လုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပိုင်သော Star High Company က ရှယ်ယာ ၂၈ ရာခိုင်နှုန်း ပါဝင်ထားပြီး ကျန်သည့် ရှယ်ယာ ၂၃ ရာခိုင်နှုန်းကို မြန်မာကုမ္ပဏီ ၁၁ ခု ပူးပေါင်း ဖွဲ့စည်းထားသော Myanmar National Telecom Holding က ပိုင်ဆိုင်ထားသည်။

အဆိုပါ ကုမ္ပဏီ ၁၁ ခုကိုလည်း စစ်တပ်နှင့် နှီးနွှယ် ပတ်သက်သူ အများစုက ပိုင်ဆိုင်ထားကြသည်။ Mytel ဝက်ဆိုက်၌ ဖော်ပြထားသော လုပ်ငန်း ရှယ်ယာပိုင်ဆိုင်မှုတွင် Star High Company ကို အစိုးရပိုင်ဟု ဆိုထားသော်လည်း ထိုကုမ္ပဏီ၏ အကျိုးအမြတ် ခွဲဝေရရှိမှုများသည် အစိုးရဝင်ငွေသို့ မရောက်ရှိခဲ့ကြောင်းကိုလည်း Justic for Myanmar က ဖော်ထုတ်ခဲ့ဖူးသည်။

Mytel သည် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ကုစားရာတွင် ဈေးကွက်ပျက်စေမည့် ဈေးဖျက်ရောင်းချခြင်း၊ ဆက်သွယ်ရေး ဥပဒေများအား ချိုးဖောက်ခြင်းနှင့် ၎င်းတို့၏ ဝန်ထမ်းများအား ထိခိုက်စေခြင်းများ အပါအဝင် အကုန်အကျများပြီး တရားမဝင်သည့် မဟာဗျူဟာများအား အသုံးပြုခဲ့ကြောင်းလည်း Justic for Myanmar က ဆိုသည်။

Mytel ဖုန်းဆင်းကဒ်များအား မိုဘိုင်းဖုန်းရောင်းချသည့် ဆိုင်ရှင်များသို့ တစ်ကဒ်လျင် ၅၀ ကျပ် (အမေရိကန် ဝ.၀၃ ဒေါ်လာ) သာ ကျသင့်စေပြီး အလကား နီးပါး ပေးအပ်ခဲ့ကြောင်းလည်း Justic For Myanmar အဖွဲ့က ဖော်ပြသည်။

သုံးစွဲသူများအတွက် လျှော့ဈေးပေးမှုများတွင်လည်း မိုဘိုင်းဒေတာ 9 GB အတွက် ၉၉၉ ကျပ်အထိ လျှော့ချပေးခဲ့သည့် မိုဘိုင်းဖုန်း အစီအစဉ်များ ပါဝင်ခဲ့သည်။ ထိုဈေးနှုန်းသည် မြန်မာနိုင်ငံတွင် အနိမ့်ဆုံး ဈေးနှုန်းဖြစ်သည်။

နွေဦးတော်လှန်ရေး သပိတ်မှောက်မှုများသည် အလုပ်ဖြစ်ခဲ့ပြီး သာမန်လူထုသည် စစ်တပ်၏ စီးပွားရေး၊ အကျိုးစီးပွားများကို အမှန်တကယ် ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်းကိုလည်း Justic For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...