မုံရွာမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး နှင့် သတင်းပေးဆိုသူ ၂ ဦးအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ဟုဆို

မုံရွာမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး နှင့် သတင်းပေးဆိုသူ ၂ ဦးအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နိုဝင်ဘာလ ၂ ရက်မှ ၄ ရက် အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး နှင့် သတင်းပေးဆိုသူ ၂ ဦးကို ဒေသခံပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း South Monywa PDF တာဝန်ရှိသူကပြောသည်။

 

အက်တောကျေးရွာအုပ်စု ပြည်တော်သာရပ်ကွက်တွင် စစ်ကောင်စီ သတင်းပေး ဒေါ်ကေသွယ်ခိုင် ဆိုသူကိုလည်း ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် South Monywa PDF၊ Monywa Heros Group နှင့် UG Group Monywa တို့ ပူးပေါင်းရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

နန္ဒဝန်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအနီးတွင် အရပ်ဝတ်ရဲတပ်သားတစ်ဦးကို နိုဝင်ဘာလ ၃ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

“သူတို့က သတင်းပေးဆိုတာ သေချာတယ်။ သတင်းပေးသေချာတယ်ဆိုမှ လုပ်တာပါ။ ကျွန်တော်တို့က သတိပေးစာတွေ အရင်ထုတ်ပါတယ်။ အဲဒါကို သူတို့ကမရပ်ဘဲ စစ်ကောင်စီနဲ့ ဆက်ပြီး လုပ်နေတာတွေရှိတဲ့အပြင် ရပ်ရွာက တိုင်တန်းတာတွေလည်းရှိလို့ လှုပ်ရှားလိုက်တာဗျ” ဟု South Monywa PDF တာဝန်ရှိသူကပြောသည်။

 

နိုဝင်ဘာလ ၂ ရက်နေ့တွင် သစ်စိမ့်ရွာမှ စစ်ကောင်စီ သတင်းပေးတစ်ဦးကို ၎င်း၏ ခွေးဘီလူးကားပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကို South Monywa PDFနှင့် Monywa Heros Group တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ၎င်းကပြောသည်။

 

မုံရွာမြို့ရှိ စစ်ကောင်စီ သတင်းပေးများအနေဖြင့် ဆက်လက်လုပ်ဆောင်နေသည့် လုပ်ရပ်များကို အချိန်မီ ရပ်တန့်ကြရန်နှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်မည်ဟုလည်း ပြောက်ကျားတပ်ဖွဲ့များက အသိပေးထားသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...