မြိုင် PDF က စစ်ကောင်စီတပ်ကားများကို မိုင်းဆွဲတိုက်ခိုက် ကား၂ စီးပျက်စီးသွား

မြိုင် PDF က စစ်ကောင်စီတပ်ကားများကို မိုင်းဆွဲတိုက်ခိုက် ကား၂ စီးပျက်စီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စီးနင်းလာသည့် ကားသုံးစီးပါ ယာဉ်တန်းနှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပေါက်ကွဲပျက်စိးသွားသည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ် PDF က ပြောသည်။

နိုဝင်ဘာ ၄ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် မြိုင်မြို့တွင်းနှင့် မြိုင်-ဗဟင်းလမ်းပေါ် နှစ်နေရာခွဲကာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး "အဖွဲ့သားများ ဒဏ်ရာအနည်းမှလွဲ၍ အကျအဆုံးမရှိပါ" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

"ပထမပိုင်းက မြိုင်မြို့ထဲမှာပဲ ရဲ ငါး ယောက်ပါတဲ့ Double Cab တစ်စီး ၊နောက်တစ်ပိုင်းက မြိုင်-ဗဟင်းလမ်းမပေါ် အိမ်စီးကားစီးလာတဲ့ စစ်ကောင်စီအင်အား ၂၀ ပါတဲ့ ကားသုံးစီး မှာ နှစ်စီးကပေါက်ကွဲပျက်စီးသွားတယ်။ မိုင်း ငါးလုံးဆွဲတာ တစ်စီးက ပြန်လှည့်သွားတယ်။ ဗဟင်းလမ်းမက ကွင်းပြင်ကြီးဆိုတော့ တပ်ဖွဲ့၀င်တွေမိုင်းဆွဲပြီး ချက်ချင်းပြန်ဆုတ်ရတော့ အထိအခိုက်သေဆုံးစာရင်း မသိရသေးဘူး။ ဒါပေမယ့် ကားနှစ်စီးလုံးပျက်စီးတော့ သေနိုင်တယ်"ဟု Myaing PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

 

မြိုင်မြို့တွင်းသို့ စစ်ကားတစ်စီးသာပြန်ဝင်သွားနိုင်သည်ဟု PDF ၏ထုတ်ပြန်ချက်တွင်ပါပြီး ပထမနေရာတွင် ဗိုလ်မိုးသီးအဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်၍ ဒုတိယနေရာတွင် ဒုတပ်ရင်းမှူး- ဗိုလ်လက်ျာအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များမှ ဒေသခံရွာခံများ၏ နေအိမ်သို့ ဖောက်ထွင်းခြင်း၊ ဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...