တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများပြားလာခြင်းကြောင့် နိုင်ငံအဝှမ်းအခက်ကြုံ

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများပြားလာခြင်းကြောင့် နိုင်ငံအဝှမ်းအခက်ကြုံ

ဧည့်သည်များကို အားလပ်ရက်အပန်းဖြေနေရာများတွင် သောင်တင်နေစေခြင်း၊ မြို့ကြီးများတွင် အသွားအလာ ကန့်သတ်ပိတ်ဆိုခြင်းနှင့် ခရီးသွားများကို သီးခြားနေထိုင်စောင့်ကြည့်ခြင်းတို့ဖြင့် တရုတ်အာဏာပိုင်များက ယခုနှစ်အတွင်း နိုင်ငံ၏ တတိယမြောက်ဖြစ်သော Delta ဗိုင်းရပ်စ်မျိုးကွဲ ပျံ့နှံ့မှုကို ခြေရာခံ ထိန်းချုပ်ရန် စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်ကျန်းမာရေးကော်မရှင်သည် အောက်တိုဘာ ၂၉ ရက်က ဒေသတွင်းပျံ့နှံ့မှု ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၄၈ ခုကို တွေ့ရှိခဲ့ကာ ပြည်နယ်ပေါင်း ၁၄ ခုတွင် နောက်ဆုံးရောဂါဖြစ်ပွားမှုမှ အတည်ပြုလူနာအရေအတွက် ၃၀၀ ကျော်အထိ ရှိခဲ့သည်။

နိုင်ငံများစွာတွင် အဆိုပါ အရေအတွက်သည် စိုးရိမ်စရာမဟုတ်ဘဲ အောင်မြင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ကမ္ဘာ့နိုင်ငံအများအပြားက အဆိုပါ ရောဂါကို လျော့ကျအောင် လုပ်ဆောင်နေချိန်တွင် ရောဂါ ကင်းရှင်းအောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားသည့် တရုတ်နိုင်ငံအတွက် အခြေအနေကွာခြားလျက်ရှိသည်။

တရုတ်နိုင်ငံတွင် ယခုနှစ်၌ ပိုမိုကူးစက်လွယ်သော Delta မျိုးကွဲရောက်ရှိလာခြင်းကြောင့် အစိုးရ အနေဖြင့် ကိုဗစ်လုံးဝကင်းစင်အောင်ကိုင်တွယ်ဖြေရှင်းရာတွင် ယုံကြည်ချက် ပိုမိုအားကောင်းစွာနှင့် ထိထိရောက်ရောက် ပိုမိုဆောင်ရွက်ရန် လိုအပ်လာမည် ဖြစ်သည်။

ယခုအခါ အာဏာပိုင်များသည် ရောဂါကူးစက်မှုကွင်းဆက်ကို ခြေရာခံခြင်းနှင့် ကာကွယ်ဆေးထိုးထား သည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ၊ တစ်ခဏဖြစ်ဖြစ် ထိတွေ့သူ မည်သူ့ကိုမဆို သီးသန့်ထား၍ စောင့်ကြည့်ခြင်းတို့ဖြင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

အာဏာပိုင်များသည် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူဟုယူဆရသူ ခရီးသည် ၁ဦးစီ ပါရှိခဲ့သော ပေကျင်းမြို့တော် အမြန်ရထား၂စီးကို အောက်တိုဘာ၂၈ရက်က ရပ်နားခိုင်းခဲ့သည်။ ရထားပေါ်ရှိမည်သည့် ခရီးသည်ကိုမျှ ရောဂါသယ်ဆောင်သူအဖြစ် အတည်မပြုရသေးသော်လည်း ခရီးသည် ၃၅၀အားလုံးနီးပါးကို သီးသန့်ခွဲထားသည့် စောင့်ကြည့်စခန်းတွင်ထားရှိခဲ့သည်။

တရုတ်အာဏာပိုင်များသည် ရောဂါရှင်းလင်းရေးနည်းလမ်းအတွက် အများပြည်သူကဏ္ဍတွင် အကြီးအကျယ်အောင်မြင်သော်လည်း ယင်းသို့ လုပ်ဆောင်ခြင်းကို အသွားအလာ ကန့်သတ်ပိတ်ဆို့ခြင်းတို့ဖြင့် နေ့စဉ်လူနေမှုဘဝကို အကြိမ်ကြိမ် အနှောင့်အယှက်ကြုံတွေ့ရသော ရွှေလီမြို့ကဲ့သို့သော နေရာများတွင် လူအများက အမြဲတမ်း လက်ခံမည်မဟုတ်ပေ။

နို်ငငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ် နယ်စပ်မြို့ ဖြစ်သော ရွှေလီသည် ယခုနှစ်အတွင်း အသွားအလာ ကန့်သတ်ပိတ်ဆို့မှု ၅ ကြိမ် ကြုံခဲ့ရသည်။

တရုတ်အာဏာပိုင် အချို့က ပိုးသတ်ဆေးဖျန်းရန် ဒရုန်းအသုံးပြုခြင်းကဲ့သို့သော အမြင်ကောင်းပြီး မထိရောက်သည့်နည်းလမ်းများကို အလေးထားကာ ၎င်းတို့ကြိုးပမ်းအားထုတ်မှုများကို လူအများသိစေမည့် ဗီဒီယိုများ ရံဖန်ရံခါထုတ်လွှင့်သော်လည်း လက်တွေ့တွင် ကန့်သတ်ထိန်းချုပ်ရေးအစီအမံများမှာ ဒေသအနှံ့ သိသိသာသာကွဲပြားလျက်ရှိသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...