နောင်ပိုအောင်ကျေးရွာက ဆိုင်ကယ်ဝပ်လျော့ဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ

နောင်ပိုအောင်ကျေးရွာက ဆိုင်ကယ်ဝပ်လျော့ဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ နောင့်ပါ့ခါးရပ်တွင် ယနေ့အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဆိုင်ကယ်ဝပ်လျော့ဆရာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ဝပ်လျော့ဆရာ၊ နောင်ပါးခါးမှာ သေနတ်နဲ့ ဝင်ပစ်သတ်သွားတာ (၃) ချက်၊ ဒလံဆိုပြီး ပစ်တာတော့ ဘယ်သူလည်းမသိဘူး ပစ္စတိုနဲ့ပစ်တာ“ ဟု နောင်ပိုအောင် ကျေးရွာသားတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နောင်ပိုအောင် မျိုးကြီးဆိုင်ကယ်ဝပ်လျော့မှ ကိုမျိုးကြီးဖြစ်ပြီး ဆိုင်ထဲဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ဖြစ်ကြောင်း ထုတ်ဖော်ပြောခြင်းမရှိသေးပေ။

စက်တင်ဘာလ (၂၈) ရက်နေ့က နောင်ပိုအောင်ကျေးရွာသား (၄) ဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်များက ဖမ်းဆီးထားခဲ့ပြီး အောက်တိုဘာလ (၁) ရက်နေ့ကလည်း ရှမ်းနီလူငယ်အဆိုတော်နှင့်အတူ (၂) ဦး ဖမ်းဆီးခံခဲ့ရသည်။

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...