နောင်ပိုအောင်ကျေးရွာက ဆိုင်ကယ်ဝပ်လျော့ဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ

နောင်ပိုအောင်ကျေးရွာက ဆိုင်ကယ်ဝပ်လျော့ဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ နောင့်ပါ့ခါးရပ်တွင် ယနေ့အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဆိုင်ကယ်ဝပ်လျော့ဆရာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ဝပ်လျော့ဆရာ၊ နောင်ပါးခါးမှာ သေနတ်နဲ့ ဝင်ပစ်သတ်သွားတာ (၃) ချက်၊ ဒလံဆိုပြီး ပစ်တာတော့ ဘယ်သူလည်းမသိဘူး ပစ္စတိုနဲ့ပစ်တာ“ ဟု နောင်ပိုအောင် ကျေးရွာသားတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နောင်ပိုအောင် မျိုးကြီးဆိုင်ကယ်ဝပ်လျော့မှ ကိုမျိုးကြီးဖြစ်ပြီး ဆိုင်ထဲဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ဖြစ်ကြောင်း ထုတ်ဖော်ပြောခြင်းမရှိသေးပေ။

စက်တင်ဘာလ (၂၈) ရက်နေ့က နောင်ပိုအောင်ကျေးရွာသား (၄) ဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်များက ဖမ်းဆီးထားခဲ့ပြီး အောက်တိုဘာလ (၁) ရက်နေ့ကလည်း ရှမ်းနီလူငယ်အဆိုတော်နှင့်အတူ (၂) ဦး ဖမ်းဆီးခံခဲ့ရသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...