မော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မော်လမြိုင်မြိုပေါ်ရှိ ထားဝယ်အဝေးပြေး မြို့ရှောင်ကားလမ်းတွင် အောင်တိုဘာလ ၁၄ ရက် ည ၇ နာရီက ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟို CCDAC ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်အဝေးပြေး မြိုရှောင်လမ်းတွင် ဟန်ဆွေဦး (ခ) ဘိုဘို (၃၂) နှစ် မောင်းနှင်ပြီး ချစ်ကိုကိုဦး (ခ) မွတ်တား (၂၄) နှစ်တို့ လိုက်ပါလာသော CHANA ၆ ဘီးယာဉ် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ရှေပြေးယာဉ်အဖြစ် အောင်ဆန်းသွင် (ခ) အောင်ဆန်း (၄၆)နှစ် မောင်းနှင်ပြီး မျိုးမင်းသိန်း (၄၇) နှစ်နှင့် ခင်ဇော်အောင် (၂၉) နှစ်တို့ လိုက်ပါလာသော SUCCEED မေယ်တော်ယာဉ်တို့အား သတင်းအရ ရှာဖွေခဲ့ကြောင်း ‌သိရသည်။

ရှာဖွေရာတွင် CHANA ၆ ဘီးယာဉ်ပေါ်တွင် ဂေါ်ဖီထုတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ခရမ်းချဉ်သီးသေတ္တာများအတွင်း၌ ကာလတန်ဖိုးငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၂၇၇ တုံး၊ အလေးချိန် ၉၆ ဒဿမ ၉၅ ကီလိုနှင့် အလေးချိန် ၃၅ ကီလို ဘိန်းဖြူမှုန့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော အဆိုပါဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တနင်္သာရီတိုင်းဒေသကြီးဆီသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရသူများကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျုးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၅ ရက်တွင်လည်း မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ ဘိုကလိုလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ကြည်လွင်နေထိုင်သည့် အခန်းအမှတ် (၀၀၃) အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC က ထုတ်ပြန်ထားသည်။

ကြည်လွင် (၃၉) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူးထားပြီး ကွင်းဆက်ပြစ်မှုကျုးလွန်သူများကို ဆက်လက်စစ်ဆေးကာ ဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...