မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ တစ်သိန်းကျော်ရှိ

မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ တစ်သိန်းကျော်ရှိ

မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ တစ်သိန်းကျော်ရှိပြီး ကာကွယ်ဆေး ပထမအဆင့်ထိုးပြီးသူ (တစ်ကြိမ်ထိုးပြီးသူ) ၄ သိန်းခန့်ရှိပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူ/ကျောင်းသားများကို ဆက်လက်ထိုးနှံပေးသွားရန် စီစဥ်လျက်ရှိပြီး ယခုနှစ်တွင် ကာကွယ်ဆေးထိုးပေးရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို အပြီးထိုးပေးရန် မျှော်မှန်းထားကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မူဝါဒအားဖြင့် ကူးစက်မှုနှုန်းလျော့ကျရေး၊ သေနှုန်းလျော့ကျလာရန်နှင့် စီးပွားထိခိုက်မှု လျော့ချရေးအတွက် ကာကွယ်ဆေးထိုးရန် ဦးတည်အုပ်စု (၁၂) အုပ်စုကိုဦးတည်ထားကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအုပ်စုများခွဲကာ အသက် ၆၅ နှစ်နှင့်အထက်မှ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်‌ဆေးမထိုးရသေးသည့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်ထားသည့်နေရာများတွင် လာရောက်ထိုးနှံကြရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနများက တိုက်တွန်းလျက်ရှိသည်။

"ဆေးလာထိုးတဲ့သူတွေကတော့ များတယ်။ အခုကျတော့ တော်တော်လည်း ထိုးပြီးကုန်ပြီဆိုတော့ လူက တစ်ဖြည်းဖြည်းနည်းလာပြီ။ ဒါပေမယ့် နေ့တိုင်းတော့ လာထိုးနေကြတုန်းပါပဲ" ဟု ကို‌ဗစ်ကာကွယ်ဆေးထိုးနှံရာတွင် လုပ်အားပေးနေသူတစ်ဦးက ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း မွန်ပြည်နယ်တွင် ကူးစက်မှု၊ လူသေဆုံးမှု များပြားခဲ့သောကြောင့် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ကြောင်း ၄င်းက အကြံပြုပြောဆိုသည်။

မွန်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါဖြစ်ပွားသူ ၁၅၅၃၉ ဦးထိရှိခဲ့ပြီး သေဆုံးသူဦးရေ ၁၃၅၀ ထိ ရှိခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...