ရေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် ဖမ်းဆီးရမိ

ရေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် ဖမ်းဆီးရမိ

ရေးမြိုနယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် (၅၃၈၀ ပြား) ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဖော်ပြချက်အရ သိရသည်။



အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ရေးမြို့နယ်၊ ဒူးယားကျေးရွာ တိုက်နယ်ဆေးရုံအနီး၌ အောင်ဖြိုးခိုင် (ခ) အမောင် အသက် ၂၄ နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရဲက ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၄ သိန်းခန့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ အောင်ဖြိုးခိုင် (ခ) အမောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁ ရက် မနက်ပိုင်းတွင် ရေးမြို့ အောင်သုခရပ်ကွက်နေ ဇင်နီကျော် (ခ) ငန်းနီကျော်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဝေလင်းဟန်ကိုတွေ့ရှိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၅၈၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က သတင်းဖော်ပြသည်။

စိတ်ကြွမူးယစ်ဆေးဝါးအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိသဖြင့် ဇင်နီကျော် (ခ) ငန်းနီကျော် (၃၂) နှစ်နှင့် ဝေလင်းဟန် (၃၃) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...