ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာရှိ ရဲစခန်းအနီးတွင် ဗုံးနှစ်လုံးပေါက်ကွဲဖြစ်ပွား

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာရှိ ရဲစခန်းအနီးတွင် ဗုံးနှစ်လုံးပေါက်ကွဲဖြစ်ပွား

ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာရှိ မိုင်းကိုင်းနယ်မြေရဲစခန်းအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ ညသန်းခေါင်ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ည (၁၂) ကျော်နောက်ပိုင်းတော့ဟုတ်တယ်၊ ပထမတစ်လုံးက အသံတိုးတယ်၊ ပြီးမှ ဒုတိယတစ်လုံးက အသံအကျယ်ကြီး၊ အထိအခိုက်တော့ဘာမှမကြားဘူးခင်ဗျာ၊ အပျက်အဆီးလည်း ဘာမှမတွေ့ရဘူးဗျ၊ အခု ရွာထဲမှာကလည်း အေးဆေးပဲ“ ဟု နမ့်တောကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

နမ့်တောကျေးရွာရှိ မိုင်းကိုင်းနယ်မြေရဲစခန်းတွင် လွန်ခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ဟုမ္မလင်းမြို့နယ်အတွင်းတွင် ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်များက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ယခုရက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီခန့်သည့် ဝန်ကြီးချုပ်လာရောက်မည်ဆိုသည့်သတင်းကြောင့်လည်း ဟုမ္မလင်းမြို့ပေါ် လုံခြုံရေးများ တင်းကြပ်ထားသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...