ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာရှိ ရဲစခန်းအနီးတွင် ဗုံးနှစ်လုံးပေါက်ကွဲဖြစ်ပွား

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာရှိ ရဲစခန်းအနီးတွင် ဗုံးနှစ်လုံးပေါက်ကွဲဖြစ်ပွား

ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာရှိ မိုင်းကိုင်းနယ်မြေရဲစခန်းအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ ညသန်းခေါင်ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ည (၁၂) ကျော်နောက်ပိုင်းတော့ဟုတ်တယ်၊ ပထမတစ်လုံးက အသံတိုးတယ်၊ ပြီးမှ ဒုတိယတစ်လုံးက အသံအကျယ်ကြီး၊ အထိအခိုက်တော့ဘာမှမကြားဘူးခင်ဗျာ၊ အပျက်အဆီးလည်း ဘာမှမတွေ့ရဘူးဗျ၊ အခု ရွာထဲမှာကလည်း အေးဆေးပဲ“ ဟု နမ့်တောကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

နမ့်တောကျေးရွာရှိ မိုင်းကိုင်းနယ်မြေရဲစခန်းတွင် လွန်ခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ဟုမ္မလင်းမြို့နယ်အတွင်းတွင် ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်များက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ယခုရက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီခန့်သည့် ဝန်ကြီးချုပ်လာရောက်မည်ဆိုသည့်သတင်းကြောင့်လည်း ဟုမ္မလင်းမြို့ပေါ် လုံခြုံရေးများ တင်းကြပ်ထားသည်။

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...