စခန်းကြီးကျေးရွာ Mytel တာဝါတိုင် Control အထိုင်စက် မိုင်းထောင်ဖောက်ခွဲခံရ

စခန်းကြီးကျေးရွာ Mytel တာဝါတိုင် Control အထိုင်စက် မိုင်းထောင်ဖောက်ခွဲခံရ

သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာရှိ Mytel တာဝါတိုင် Control အထိုင်စက်အား အောက်တိုဘာလ ၁ ရက် ည ၆ နာရီခွဲခန့်က မိုင်းထောင်ဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်-ရေး ကားလမ်းဘေးတွင်တည်ရှိသည့် စခန်းကြီးကျေးရွာ တာဝါတိုင်အောက်ခြေတွင် ပျက်စီးနေသည့် အပိုင်းအစအချို့ကို တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မနေ့ညနေပိုင်းမှာ ပေါက်ကွဲသံကြားရပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာတယ် လာပြီးစစ်ဆေးတယ်၊ ဓါတ်ပုံတွေရိုက်သွားတယ်” ဟု ၄င်းက ပြောသည်။

သံဖြူဇရပ်အတွင်း ယခု Mytel တာဝါတိုင် ဖျက်ဆီးခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေးမြို့နယ် ကနင်ကမော့ကျေးရွာရှိ Mytel တာဝါတိုင်၊ ကဗျာဝကျေးရွာအနီး Mytel တာဝါတိုင်၊ အောင်သပြေကျေးရွာရှိ Mytel တာဝါတိုင်၊ ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ Mytel တာဝါတိုင်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာရှိ Mytel တာဝါတိုင်အပါအဝင် စုစုပေါင်း မွန်ပြည်နယ်အတွင်း တာဝါတိုင် ၇ တိုင် မိုင်းဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...