စခန်းကြီးကျေးရွာ Mytel တာဝါတိုင် Control အထိုင်စက် မိုင်းထောင်ဖောက်ခွဲခံရ

စခန်းကြီးကျေးရွာ Mytel တာဝါတိုင် Control အထိုင်စက် မိုင်းထောင်ဖောက်ခွဲခံရ

သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာရှိ Mytel တာဝါတိုင် Control အထိုင်စက်အား အောက်တိုဘာလ ၁ ရက် ည ၆ နာရီခွဲခန့်က မိုင်းထောင်ဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်-ရေး ကားလမ်းဘေးတွင်တည်ရှိသည့် စခန်းကြီးကျေးရွာ တာဝါတိုင်အောက်ခြေတွင် ပျက်စီးနေသည့် အပိုင်းအစအချို့ကို တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မနေ့ညနေပိုင်းမှာ ပေါက်ကွဲသံကြားရပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာတယ် လာပြီးစစ်ဆေးတယ်၊ ဓါတ်ပုံတွေရိုက်သွားတယ်” ဟု ၄င်းက ပြောသည်။

သံဖြူဇရပ်အတွင်း ယခု Mytel တာဝါတိုင် ဖျက်ဆီးခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေးမြို့နယ် ကနင်ကမော့ကျေးရွာရှိ Mytel တာဝါတိုင်၊ ကဗျာဝကျေးရွာအနီး Mytel တာဝါတိုင်၊ အောင်သပြေကျေးရွာရှိ Mytel တာဝါတိုင်၊ ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ Mytel တာဝါတိုင်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာရှိ Mytel တာဝါတိုင်အပါအဝင် စုစုပေါင်း မွန်ပြည်နယ်အတွင်း တာဝါတိုင် ၇ တိုင် မိုင်းဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...