စက်သုံးဆီစျေး တစ်ဂါလံတစ်သောင်းကျော်အထိ စျေးမြင့်တက်နေ

စက်သုံးဆီစျေး တစ်ဂါလံတစ်သောင်းကျော်အထိ စျေးမြင့်တက်နေ

ယခုရက်ပိုင်းတွင် ဒေါ်လာစျေးများ အဆမတန်မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီစျေးလည်း ယနေ့တွင် တစ်ဂါလံတစ်သောင်းကျပ် ကျော်အထိရောင်းချမှုများရှိလာခဲ့ကြသည်။

“ဓာတ်ဆီတစ်ဂါလံ အခု ၇၅၀၀၊ လုံးစန့်ရွာမှာတော့ တစ်သောင်း၊ ဒီမှာကတော့ ၇၅၀၀၊ ၈၅၀၀ ရှိတယ်” ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

စက်သုံးဆီစျေးများ မြင့်တက်လာခြင်းကြောင့် ဒေသတွင်းတောင်သူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

“ဆီစျေးနောက်တက်ရင် မလွယ်တော့ဘူး၊ စပါးရိတ်ရတော့မယ်” ဟု တောင်သူတစ်ဦးက ဆိုသည်။

အင်းတော်ကြီးဒေသရှိ ကျေးရွာတစ်ချို့တွင် ယနေ့ နံနက်ပိုင်းတွင် တစ်ဂါလံ ၇၅၀၀/ ၈၅၀၀ ကျပ်အထိသာရှိခဲ့သော်လည်း ညနေပိုင်းတွင် တစ်သောင်းတစ်ထောင်ကျပ် အထိမြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ့ငွေကျပ်တန်ဖိုး ကျဆင်းလာခြင်းကြောင့် ဒေါ်လာလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာ ၂၇၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပြီးနောက် စက်သုံးဆီစျေးအပါအဝင် အခြေခံစားသောက်ကုန်များလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...