စက်သုံးဆီစျေး တစ်ဂါလံတစ်သောင်းကျော်အထိ စျေးမြင့်တက်နေ

စက်သုံးဆီစျေး တစ်ဂါလံတစ်သောင်းကျော်အထိ စျေးမြင့်တက်နေ

ယခုရက်ပိုင်းတွင် ဒေါ်လာစျေးများ အဆမတန်မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီစျေးလည်း ယနေ့တွင် တစ်ဂါလံတစ်သောင်းကျပ် ကျော်အထိရောင်းချမှုများရှိလာခဲ့ကြသည်။

“ဓာတ်ဆီတစ်ဂါလံ အခု ၇၅၀၀၊ လုံးစန့်ရွာမှာတော့ တစ်သောင်း၊ ဒီမှာကတော့ ၇၅၀၀၊ ၈၅၀၀ ရှိတယ်” ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

စက်သုံးဆီစျေးများ မြင့်တက်လာခြင်းကြောင့် ဒေသတွင်းတောင်သူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

“ဆီစျေးနောက်တက်ရင် မလွယ်တော့ဘူး၊ စပါးရိတ်ရတော့မယ်” ဟု တောင်သူတစ်ဦးက ဆိုသည်။

အင်းတော်ကြီးဒေသရှိ ကျေးရွာတစ်ချို့တွင် ယနေ့ နံနက်ပိုင်းတွင် တစ်ဂါလံ ၇၅၀၀/ ၈၅၀၀ ကျပ်အထိသာရှိခဲ့သော်လည်း ညနေပိုင်းတွင် တစ်သောင်းတစ်ထောင်ကျပ် အထိမြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ့ငွေကျပ်တန်ဖိုး ကျဆင်းလာခြင်းကြောင့် ဒေါ်လာလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာ ၂၇၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပြီးနောက် စက်သုံးဆီစျေးအပါအဝင် အခြေခံစားသောက်ကုန်များလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...