ပင်လည်ဘူးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်

ပင်လည်ဘူးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်

ပင်လယ်ဘူးမြို့နယ်ရှိ ပင်းမူကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာအုပ်စုနှင့် တခြားသော ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများသည် ယခုရက်ပိုင်းအတွင်း နှုတ်ထွက်စာတင်ထားခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားထားကြသည်။

စက်တင်ဘာလ (၁၅) ရက်နေ့ ညပိုင်းတွင် ပင်းမူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ၎င်းတွင် အစာအိမ်ရောဂါကြောင့် နှုတ်ထွက်ခွင့်ပြုရန် ရုံးတံဆိပ်ရိုက်နှိပ်စာဖြင့် ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပင်လည်ဘူးဒေသခံတစ်ဦးက ”ပင်လည်ဘူးနယ်အတွင်းမှာ အုပ်မှူးတွေအသတ်ခံရ အဲ့ဒါတွေကြောင့် ထွက်တယ်လို့ထင်တာပ” ဟု ပြောကြားသည်။

တခြားသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

စက်တင်ဘာလအတွင်းတွင် ပင်လည်ဘူးဒေသကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်များ ထိတွေ့မှုများရှိသလို အုပ်ချုပ်ရေးမှူး အသတ်ခံရမှူများလည်းရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...