ပင်လည်ဘူးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်

ပင်လည်ဘူးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်

ပင်လယ်ဘူးမြို့နယ်ရှိ ပင်းမူကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာအုပ်စုနှင့် တခြားသော ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများသည် ယခုရက်ပိုင်းအတွင်း နှုတ်ထွက်စာတင်ထားခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားထားကြသည်။

စက်တင်ဘာလ (၁၅) ရက်နေ့ ညပိုင်းတွင် ပင်းမူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ၎င်းတွင် အစာအိမ်ရောဂါကြောင့် နှုတ်ထွက်ခွင့်ပြုရန် ရုံးတံဆိပ်ရိုက်နှိပ်စာဖြင့် ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပင်လည်ဘူးဒေသခံတစ်ဦးက ”ပင်လည်ဘူးနယ်အတွင်းမှာ အုပ်မှူးတွေအသတ်ခံရ အဲ့ဒါတွေကြောင့် ထွက်တယ်လို့ထင်တာပ” ဟု ပြောကြားသည်။

တခြားသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

စက်တင်ဘာလအတွင်းတွင် ပင်လည်ဘူးဒေသကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်များ ထိတွေ့မှုများရှိသလို အုပ်ချုပ်ရေးမှူး အသတ်ခံရမှူများလည်းရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...