စစ်ကောင်စီ ရိက္ခာသယ်ချောဆွဲကား ဗုံးဖောက်ခွဲခံရမှုတွင် သေဆုံးသူယာဉ်မောင်းမှာ နမ့်ဖတ်ကာမှဖြစ်နေ

စစ်ကောင်စီ ရိက္ခာသယ်ချောဆွဲကား ဗုံးဖောက်ခွဲခံရမှုတွင် သေဆုံးသူယာဉ်မောင်းမှာ နမ့်ဖတ်ကာမှဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း) ကြား လုံခန်ရွာနား အကွေ့မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ အရပ်သားကားတစ်စီး စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသော ကားသမားမှာ နမ့်ဖတ်ကာကျေးရွာမှဖြစ်သည်ဟု သိရသည်။

"ယမန်နေ့ ညနေပိုင်းက ၁၀၅ မိုင်-ပန်ဆိုင်းလမ်းရှိ လုံခန်ရွာအကျော်၊ နမ့်တောင်းရွာအနီး သေဆုံးသွားတဲ့ရပ်ကွက် (၄)၊ နမ့်ဖတ်ကာမှ ယာဥ်မောင်း ဦးအိုက်လျန် (၄၃) နှစ်၊ တအာင်း (ပလောင်) တိုင်းရင်းသားလူမျိုးရဲ့ ရုပ်အလောင်းကို ယနေ့မနက်ပိုင်းတွင် ဂရုဏာလူမှုကူညီရေး အသင်း (မူဆယ်) နှင့်အတူ မိမိတို့အသင်းမှသွား ရောက်သယ်ဆောင်ခဲ့ပါတယ်။ ရုပ်အလောင်းအား ယနေ့ နေ့လည်ပိုင်းတွင် နမ့်ဖတ်ကာလူမျိုးပေါင်းစုံသုဿာန်မှာ မီးသင်္ဂြုလ်ပေးခဲ့ပါတယ်။" ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကားမှာ ချောဆွဲခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ဆိုသည်။

ကားတွင်ပါလာသော ဆန်အိတ်ရိက္ခာများမှာ မုံးကိုးနှင့် ဖောင်းဆိုင်ဘက်တွင်ရှိနေသော စစ်ကောင်စီတပ်အတွက်ဖြစ်သည်ဟု သိရပြီး ၎င်းတို့ကို ကိုးကန့် MNDAA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းလည်း သေဆုံးသွားခြင်းဖြစ်သည်။

ရှမ်းမြောက် တရုတ်နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား ပုံမှန် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...