စစ်ကောင်စီလက်အောက်ခံ ဇယ်လန့် ဆိုင်ကျော့ ပြည်သူ့စစ်စခန်း မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီလက်အောက်ခံ ဇယ်လန့် ဆိုင်ကျော့ ပြည်သူ့စစ်စခန်း မီးရှို့ဖျက်ဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နမ့်ခမ်းမြို့ကြား ဇယ်လန့်ကျေးရွာအုပ်စုရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်ကျော့ ပြည်သူ့စစ်စခန်း ယနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီခန့်က မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ပြည်သူ့စစ် ဆိုင်ကျော့တပ်ကို မီးရှို့ဖျက်ဆီးလိုက်တာ မှန်တယ်။ ဟုတ်တယ်။ TNLA ၅၇၁ တပ်ကပါ။ ခုလေးတင် ကျွန်တော် အဲဒီဘက်က လာခဲ့တာ။ အဆောက်အုံပဲ မီးရှို့ပဲရှို့ထားခဲ့တယ်။” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။  

အဆိုပါ ပြည်သူ့စစ်စခန်းတွင် စစ်ကောင်စီနှင့် ပြည်သူ့တပ်များမရှိနေချိန် သွားရောက်မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆက်တွဲအနေဖြင့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာမှာကို ဒေသခံများအနေဖြင့် စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။

“အခု အဲဒီ တအာင်းပလောင်ရွာခံတွေက အရမ်းကြောက်နေတယ်။ လောလောဆယ် အဲရွာမှာ TNLA ရှိနေတော့ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်နေကြတယ်။ ဒေသခံတွေကို စစ်ကောင်စီဘက်က လာနှိပ်စက်မှာကို စိုးရိမ်နေကြတာ။” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကျော့ကျေးရွာတွင် တအောင်း (ပလောင်) နှင့် ရှမ်းလူမျိုးအများစုနေထိုင်ပြီး ကချင်အနည်းငယ်လည်းရှိကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့် TNLA ၊ SSPP/SSA နှင့် KIA တပ်များ အဓိကလှုပ်ရှားသောနေရာဖြစ်ကြောင်း သိရသည်။

Bum Shep

 
 

 

 

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...