တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် စစ်ကောင်စီ မိုင်းခွဲတိုက်ခိုက်ခံရ

တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် စစ်ကောင်စီ မိုင်းခွဲတိုက်ခိုက်ခံရ

တနိုင်း-ရှင်ဗွေယန်သွားလမ် လဂျားဘွမ့်အနီးတွင် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးသူရှိကြောင်း သိရသည်။

ယမန်နေ့က ရှိန်လုံကျေးရွားတွင်ရောက်ရှိနေသော စစ်ကောင်စီတပ်သည် ယနေ့နံနက် လဂျာဘွမ့်ဘက်သို့ထွက်လာစဉ် ၈ နာရီခန့်တွင် အဝေးထိန်း မိုင်းဖြင့် တစ်ကြိမ်တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အပြန်လှန်တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဗမာစစ်သားတွေက လဂျာဘွမ့်ဘက်ကို တက်လာတယ်။ KIA က စောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်မှုတွေက အသေးစိတ်မသိရသေးဘူး။ ထိခိုက်မှုကရှိနိုင်တယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေက အပြန်အလှန်တိုက်ပွဲပြင်းထန်ဖို့ရှိတယ်။ အပြန်အလှန် စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်အဖွဲ့နှင့် KIA တို့ လဂျားဘွမ့်အနီးတဝိုက် မီတာ ၁ ထောင်ခန့်အကွာတွင် အပြန်အလှန် စောင့်ကြည့်နေသည့် အခြေအနေဖြစ်နေပြီး နေ့လည် ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သူကဆိုသည်။  

လဂျာဘွမ့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာနိုင်သောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရန် ပြင်ဆင်နေကြောင်း သိရသည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...