မုံးကိုးတွင် စစ်ကောင်စီရိက္ခာသယ်လာသော ပြည်သူ့စစ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရ

မုံးကိုးတွင် စစ်ကောင်စီရိက္ခာသယ်လာသော ပြည်သူ့စစ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ ကောင်းလုံအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီအတွက် ရိက္ခာသယ်လာသော ပြည်သူ့စစ်တပ်ဖွဲ့၏ကား ၁၀ မိနစ်ခန့်ကြာ တိုက်ခိုက်ခံရကြောင်း သိရသည်။

ယမနနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က ရိက္ခာသယ်လာသော စစ်ကောင်စီအောက် ပြည်သူ့စစ်ကားကို ပစ်ခတ်ခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

“ဟုတ်တယ်။ မုံးကိုးမှာ အသံကြားတယ်။ ဒီမနက် မုံးကိုး ကောင်းလုံ၊ တလောက တိုက်ပွဲ ဖြစ်တဲ့ နမ့်ဟာတကြောဘက် ပြည်သူ့စစ်ကား အတိကျတော့ ကျွန်တော်တို့မသိဘူး။ ပြည်သူ့စစ်ကား ရိက္ခာတွေတင်ပြီးတက်လာချိန် တောင်ပေါ်ကလူတွေ လာပစ်တယ်။ ကိုးကန့်နဲ့ ကချင်ဖြစ်လိမ့်မယ်။ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ကားပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံးကိုးဒေသတွင် လက်ရှိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေဖြစ်သည်။

“မုံးကိုး ဖောင်းဆိုင်ဘက်မှာ အဓိက တိုက်တာကတော့ MNDAA နဲ့ စစ်ကောင်စီ တို့ တိုက်ကြတာပါ။ အဲဒီမှာ ကျွန်တော်တို့ KIO နဲ့တော့ ဒီ စစ်နည်းဗျူဟာဆွဲပြီး ပေါင်းတိုက်တာ၊ ပူးပေါင်းတိုက်ခိုက်တာတော့မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခြေစိုက် တပ်စခန်းနေရာဘက် စစ်ကောင်စီကာ စစ်ကြောင်းထိုးလာရင်တော့ ခုခံတိုက်ခိုက်တာတွေတော့ လုပ်နေတယ်။ ပြောချင်တာက ဖောင်းဆိုင်ဝန်းကျင်မှာတော့ ကျွန်တော်တို့ တပ်ရင်း ၃၆ နယ်မြေဟုတ်တယ်။ တပ်မဟာ ၆၊ တပ်ရင်း ၃၆ နယ်မြေ ဟုတ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ တပ်စခန်းနေရာဘက် စစ်ကောင်စီက စစ်ကြောင်းထိုးလာရင်၊ သူတို့တိုက်ပွဲဖြစ်လို့ ကျွန်တော်တို့ဘက် ဝင်လာရင်တာရှိရင် ကျွန်တော်တို့က ခုခံတိုက်ခိုက်နေတာတော့ရှိတယ်။” လို့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လတ်တလော စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့တိုက်ပွဲကြား လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး စစ်ပြေးဒုက္ခသည် ၂၂၈၀ ရှိကာ ၎င်းတို့အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...