နန်းမား စစ်ကောင်စီအောက် ပြည်သူ့စစ်တပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ

နန်းမား စစ်ကောင်စီအောက် ပြည်သူ့စစ်တပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ပင်သာရပ်ကွက်အနီးတွင် စစ်ကောင်စီလက်အောက်ရှိသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယနေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီးနောက် သေဆုံးထိခိုက်သူရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက် ယနေ့ ညနေပိုင်း ၄ နာရီခွဲဝန်းကျင်ခန့်တွင် ညောင်ပင်သာရပ်ကွက်နှင့် ၁ ဖာလုံခန့် သာရှိသော ပြည်သူ့စစ်နေအိမ်တွင် ဆိုင်ကယ်ဖြင့် လူ ၂ ဦး လာရောက်ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့သည်ဟု နန်းမား ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပြည်သူ့စစ်ရှိတဲ့နေအိမ်မှာ PDF က ဆိုင်ကယ်နဲ့ လာပစ်သွားတာ ဟုတ်တယ်။ လာပစ်တဲ့အချိန်မှာ ပြည်သူ့စစ်အဖွဲ့က စားနေသောက်နေကြတယ်လို့ပြောတာဘဲ။ အဲ့လို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပစ်ခတ်ကြတယ်။ ပြည်သူ့စစ်ဘက်ကတော့ ၂ ယောက်ဆုံးသွားတယ်။ PDF ဘက်ကတော့ ၁ ယောက်ဆုံးသွားတယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်ဘက်က သေဆုံးသွားသူ ၂ ဦးမှာ နန်းမား ပြည်သူ့စစ်ခေါင်းဆောင် ဦးချစ်ကိုနှင့် သူ၏ ရဲဘော် တပ်သား ဦးထွန်းထွန်းတို့ဖြစ်ကြပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသည် ဦးထွန်းထွန်း၏ နေအိမ်တွင်ဖြစ်သည်ဟု သိရသည်။

လာရောက်ပစ်ခတ်သူ ၂ ဦးအနက် ဆိုင်ကယ်နောက်တွင် စီးသူတစ်ဦးလည်း ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...