အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ဝိုင်းမော် စန်ကားကျေးရွာမှ အဆုတ်ရောဂါဖြင့် ဆေးကုသနေသော လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့ ညသန်ခေါင်ယံအချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ် အင်အား ၂၀ ဝန်းကျင်ခန့်မှ နေအိမ်ကို ဝန်းရံပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စန်းကားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။



“သူ့ဟာသူ အိမ်ထဲမှာအိပ်နေတာတဲ့။ စစ်သားတွေက အင်အား ၂၀ လောက် သူ့ကိုဝန်းရံထားပြီး ဝင်ဖမ်းသွားတယ်လို့ သိရတယ်။ ပြီးရင်သူက ကျန်မားရေးလည်း မကောင်းဘူး။ အိမ်ထဲမှာဘဲနေတာ ဟုတ်တယ်။ ဘယ်သူက ဘာပြောလိုက်လို့ လာဖမ်းတာကို အခုချိန်ထိမသိရသေးဘူး” ဟု ပြောဆိုသည်။



ဖမ်းဆီးသွားသည့် လူငယ်မှာ အသက် ၃၀ ဝန်းကျင် ကိုရှိကျန်ဘောမ်ချမ်းခေါ်သူဖြစ်ပြီး အဆုတ်ရောဂါဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်သည်။



သူ့ကို လာရောက်ဖမ်းဆီးသွားသည့် ညတွင်းချင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပို့လိုက်ပြီးနောက် လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း သူကဆက်ဆိုသည်။



အဆိုပါလူငယ်မှာ ယခင်က ကျေးရွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Pat Ja San လုပ်ငန်းစဉ်များတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က မင်္သကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...