အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ဝိုင်းမော် စန်ကားကျေးရွာမှ အဆုတ်ရောဂါဖြင့် ဆေးကုသနေသော လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့ ညသန်ခေါင်ယံအချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ် အင်အား ၂၀ ဝန်းကျင်ခန့်မှ နေအိမ်ကို ဝန်းရံပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စန်းကားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။



“သူ့ဟာသူ အိမ်ထဲမှာအိပ်နေတာတဲ့။ စစ်သားတွေက အင်အား ၂၀ လောက် သူ့ကိုဝန်းရံထားပြီး ဝင်ဖမ်းသွားတယ်လို့ သိရတယ်။ ပြီးရင်သူက ကျန်မားရေးလည်း မကောင်းဘူး။ အိမ်ထဲမှာဘဲနေတာ ဟုတ်တယ်။ ဘယ်သူက ဘာပြောလိုက်လို့ လာဖမ်းတာကို အခုချိန်ထိမသိရသေးဘူး” ဟု ပြောဆိုသည်။



ဖမ်းဆီးသွားသည့် လူငယ်မှာ အသက် ၃၀ ဝန်းကျင် ကိုရှိကျန်ဘောမ်ချမ်းခေါ်သူဖြစ်ပြီး အဆုတ်ရောဂါဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်သည်။



သူ့ကို လာရောက်ဖမ်းဆီးသွားသည့် ညတွင်းချင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပို့လိုက်ပြီးနောက် လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း သူကဆက်ဆိုသည်။



အဆိုပါလူငယ်မှာ ယခင်က ကျေးရွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Pat Ja San လုပ်ငန်းစဉ်များတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က မင်္သကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...