စခန်းလုံခြုံရေး ၂၄ နာရီစောင့်နေရ၍ ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်ကျဆင်းလာ

စခန်းလုံခြုံရေး ၂၄ နာရီစောင့်နေရ၍ ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်ကျဆင်းလာ

စခန်းလုံခြုံရေး ၂၄ နာရီစောင့်နေရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ ယခင်ကထက် စွမ်းဆောင်ရည်ကျဆင်းလာနေသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဘက်က သိရသည်။

မန္တလေးမြို့တွင် နယ်မြေခံရဲစခန်းများ မကြာခဏ တိုက်ခိုက်ခံနေရသည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေကြရခြင်းဖြစ်သည်။

နယ်မြေခံအများစုတွင် တပ်ဖွဲ့ဝင် အင်အားအနည်းအငယ်ဖြင့် လှည့်ကင်း၊ ပတ်ကင်းစောင့်ရွက်ရခြင်းနှင့် စစ်ဆေးရေးအဖွဲ့များ၌ပါ ပူးပေါင်းပါဝင်နေရခြင်းကြောင့် လုံလောက်သည့် နားချိန်လည်းမရှိကြောင်း ရဲတပ်ဖွဲ့ဝင်များကဆိုသည်။

ထိုသို့ နားချိန်မရှိသည့်အတွက် စခန်းလုံခြုံရေးစောင့်သည့်အချိန်များတွင် အိပ်ငိုက်ခြင်းများ တွေ့နေရသည်ဟု ဆိုကြသည်။

"လှည့်ကင်းကအပြန် ကင်းစောင့်ဆိုတော့ နားချိန်ကမရှိဘူး။ ရက်ရှည်လာတော့ ပန်းလာတယ်။ အဲတော့ ကင်းချိန်ဟာ နားချိန်ဖြစ်နေတာပေါ့။ လာပစ်တော့လည်း ကံပေါ့ဗျာ။" လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုမခံရစေရန်အတွက် နယ်မြေခံရဲစခန်းများရှေ့ရှိ အဓိကလမ်းများပိတ်ထားခြင်း၊ ဘန်ကာများ၊ သဲအိတ်များချထားခြင်းတို့ ပြုလုပ်ပြီး လုံခြုံရေးအတွက် ပြင်ဆင်ထားရကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...