စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်သေးကြောင်း MNDAA ပြော

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်သေးကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နိုင်သေးကြောင်း ကိုးကန့်ဘက်မှ သိရသည်။

"ဟုတ်ကဲ့ဗျ။ မနေ့ကညနေပိုင်းမှ ဒီနေ့မနက်အထိတော့ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပါဘူး။ သို့သော် တာဟိန်းတောင်ကုန်းနှင့် လုံခါဒေသမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်တွေက မနေ့ည ၂၀:၀၀ နာရီကနေ ဒီနေ့မနက် ၀၅း ၀၀ နာရီအချိန်အထိ မိမိတို့ MNDAA တပ်ရှိရာဒေသများကို (၁၀၀) မမ၊ (၁၂၀) မမ နဲ့ (၁၂၂) မမတို့နဲ့ အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးကျည်ဆန်တွေကတော့ လူရင်းထန်တောင်ကုန်းနှင့် ရှီးကျန်တောင်ကုန်းတစ်ဝိုက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး (၇) လုံးလောက်က လူရန်းထန်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။" ဟု MNDAA ဘက်က အရာရှိတစ်ဦးက ပြောသည်။

လတ်တလော မုံးကိုး ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာမယ့်အခြေအနေကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှာဖြစ်ကြောင်း ဆိုသည်။

"လက်တလောမှာ စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုတွေပိုမိုများပြားလာတာကိုတွေ့ရပါတယ်။ မိမိတို့အပေါ် ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ မြင်ပါတယ်။ အခု စစ်ကောင်စီတပ်ရဲ့စစ်ကြောင်း (၂) ကြောင်းက ဖောင်းဆိုင် ဘောလုံးကွင်းနှင့် နယ်စပ်ဒေသမှာ လှုပ်ရှားနေတာကို တွေ့ရပြီး စစ်ကြောင်း (၁) ကြောင်းမှာ လူအင်းအား (၃၀) မှ (၄၀) အထိရှိတယ်။ ဒီစစ်ကြောင်း (၂) ကြောင်းဟာ မိမိတို့ကို အလစ်တိုက်ရန် ကြံစည်နေတယ်လို့ သုံးသပ်မိပြီး မိမိတို့လည်း ပြန်လည်ခုခံတိုက်ခိုက်နိုင်ရန်အတွက် ပြင်ဆင်ထားပါတယ်။ အကယ်၍ စစ်ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်လာရင်တော့ တိုက်ပွဲက ဆက်တိုက်ဖြစ်နေမှာပဲ။" ဟု သူကရှင်းပြသည်။

ဇူလိုင်လဆန်းမှ စက်တင်ဘာ ၂ ရက်နေ့အထိ ရှမ်းမြောက် နယ်စပ်တိုက်ပွဲကြောင့် ကြူကုတ် (ပန်ဆိုင်း) နှင့် မုံးကိုးမြို့နယ်ခွဲ ရွာပေါင်း ၂၂ ရွာတွင် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ခန့်ရှိပြီး လက်နက်ကြီးထိမှန် သေဆုံးသွားသည့် တအာင်း (ပလောင်) လူမျိုး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ ကြူကုတ် (ပန်ဆိုင်း) မြို့ ရပ်ကွက် ၄ မှ တရုတ်လူမျိုး အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးရှိကြောင်း သိရသည်။

Bum Shep

 
 

 

 

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...