စစ်ကောင်စီက တန့်ဆည်နယ်ရွာသား ၁ ဦးကိုပစ်သတ်ပြီး ရွာသား ၁၂ ဦးကို ဖမ်းဆီးထား

စစ်ကောင်စီက တန့်ဆည်နယ်ရွာသား ၁ ဦးကိုပစ်သတ်ပြီး ရွာသား ၁၂ ဦးကို ဖမ်းဆီးထား

တန့်ဆည်နယ်အတွင်း စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ကာ ရွာသားတစ်ဦးကိုပစ်သတ်ပြီး ရွာသား ၁၂ ဦးအား ဩဂုတ်လ ၃၁ ရက်တွင် ယင်းမြို့နယ်ရှိ မြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာခံများထံမှ သိရသည်။

နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်သည် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ လိပ်ခြံရွာ၊ သာပေါင်းကျရွာနှင့် နွားကူးကျေးရွာများသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

“အသတ်ခံရတာက လိပ်ခြံရွာသားတစ်ယောက်ပါ၊ သူတို့ (စစ်သားတွေ) လာတော့ပြေးကြလွှားကြနဲ့ လူတွေကွဲကုန်ကြတာ၊ သူတို့ပြန်သွားတော့ ရွာမှာ ဘာတွေဖြစ်သွားလဲလိုက်ကြည့်ရင်းနဲ့ သူ့အလောင်းကိုတွေ့တာပါ၊ နောက်စေ့မှာသေနတ်ဒဏ်ရာနဲ့ရွာနားကတောစပ်မှာလဲနေတာ၊ လက်တစ်ချောင်းလည်းကျိုးနေတယ်၊ သူ့ကိုချက်ချင်းပဲမြေချလိုက်ပါတယ်” ဟု လိပ်ခြံရွာသားတစ်ဦးအား စစ်သားများသတ်သွားပုံကို ဒေသခံကပြောသည်။

ထို့နောက်စစ်ကောင်စီတပ်သားများသည် သာပေါင်းကျကျေးရွာနှင့်လိပ်ခြံရွာမှ ရွာသား ၁၂ ဦးအား PDF အဖွဲ့ဝင်များဟုစွတ်စွဲကာ ဖမ်းဆီးသွားကြောင်းသိရသည်။

ကိုကျော်ထွန်း၊ ဦးသန်းလင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုနိုင်လင်း၊ ကိုနိုင်ဝင်း၊ ကိုဝင်းအေး၊ ကိုနေဦး၊ ကိုမျိုးဝင်း၊ ကိုဝင်းဇော် ကိုချိုလင်း၊ ကိုကျော်လင်းနှင့် ကိုထိုက်ဦးတို့အား တန့်ဆည်မြို့နယ် ရဲစခန်းသို့ ဖမ်းဆီးသွားခြင်းဖြစ်သည်။

“နေ့လယ်ပိုင်းမှာရွာသားတွေထဲက အချို့ကရွာကိုပြန်ပြီး နွားစာ၊ဝက်စာပြန်ကျွေးကြတာအဲဒါကို ဖမ်းသွားကြတာ၊ သေနတ်က ရွာမှာ လုံခြုံရေးအဖွဲ့တွေရှိတယ်၊ ကျေးရွာလုံခြုံရေးပေါ့ သူတို့စစ်ဆေးပြီး ဘယ်မှာသေနတ်ရှိလဲဆိုပြီး ဖမ်းသွားကြတာ” ဟု ရွာသားများအဖမ်းခံရပုံကို ဒေသခံကဆိုသည်။

 
 

 

 

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...