ရိုဟင်ဂျာအပါအ၀င် မြန်မာ့တိုင်းရင်းသားအားလုံး၏ တရားမျှတမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် အစွမ်းကုန်တိုက်ပွဲ၀င်မည်ဟု NUG ဒု-၀န်ကြီးဆို

ရိုဟင်ဂျာအပါအ၀င် မြန်မာ့တိုင်းရင်းသားအားလုံး၏ တရားမျှတမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် အစွမ်းကုန်တိုက်ပွဲ၀င်မည်ဟု NUG ဒု-၀န်ကြီးဆို

ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ၏ တရားမျှတမှု တန်းတူမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု NUG ၏ ဒု-ဝန်ကြီးပြောသည်။

ရိုဟင်ဂျာလူမျိုးများ မတရားကျူးလွန်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး လူမျိုးစုတစ်စုအပေါ် မတရားကျူးလွန်မှုသည် အခြားလူမျိုးအပေါ် မတရားကျူးလွန်ရာရောက်သည်ဟု ခံယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မအိသဥ္ဇာမောင်က ဆိုသည်။

အတိတ်ကို တာဝန်ယူရင်း၊ အနာဂတ်ကိုလည်း မျှော်ကြည့်ရမည်ဟု ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု ပြန်လည်အမှတ်ရခြင်း နှစ်ပတ်လည်နေ့အတွက် သတင်းထုတ်ပြန်လိုက်သည်။

"ရိုဟင်ဂျာအမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်တွေအတွက်သာမကဘဲ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် အစွမ်းကုန်တိုက်ခိုက်ကာကွယ်ပေးမယ်" ဟု ဒု-ဝန်ကြီးက ကတိသစ္စာပြုထားသည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်ကစ၍ စစ်တပ်မှ ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ်တာ၊ မုဒိန်းမှုကျူးလွန်တာ၊ မတရားဖမ်းဆီးတာအပြင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရိုဟင်ဂျာဦးရေ ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

လက်ရှိချိန်ထိ ရိုဟင်ဂျာ ဦးရေ ၈၆၀,၀၀၀ သည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် Cox’s Bazar တွင်နေထိုင်ရဆဲဖြစ်သည်။ ပြည်တွင်းတွင် ကျန်ခဲ့သည့် ရိုဟင်ဂျာဦးရေ ၁၂၈,၀၀၀ ကျော်မှာ ရခိုင်ပြည်နယ်တွင်ရှိသည့် ဒုက္ခသည်စခန်းများ၌ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံလိုအပ်ချက်များစွာနှင့် နေထိုင်နေရဆဲဖြစ်သည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...