တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ကာဒီနယ် ချားလ်မောင်ဘို ထပ်လောင်းတောင်းဆို

တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ကာဒီနယ် ချားလ်မောင်ဘို ထပ်လောင်းတောင်းဆို

မြန်မာနိုင်ငံတွင် တော်လှန်ရေးတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ရန်ကုန်နှင့် မန္တလေးနှင့် အခြားမြို့များတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်နေသည်။

“မြန်မာနိုင်ငံအခြေအနေက ဆိုးဝါးလာနေတယ်” ဟု ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် လူထုပုန်ကန်မှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရဆန့်ကျင်သော နေ့စဉ်ဆန္ဒပြမှုများဖြင့် လူမှုရေး မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး ပြည်တွင်းသတင်းရင်းမြစ်တစ်ရပ်က မှတ်ချက်ပြုသည်။

စစ်တပ်သည် မြို့ရွာများသို့ ဝင်ရောက်ပြီး နိုင်ငံတစ်ဝန်းက အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဟောင်းများနှင့် ထောက်ခံသူများကို ဖမ်းဆီးခဲ့သည်။ “စစ်တပ်က လူ့အခွင့်အရေး နိုင်ထက်စီးနင်းပြုကျင့်မှုတွေကို ကျူးလွန်နေတယ်။ တစ်ခါတစ်လေ လူအစုလိုက် သတ်ဖြတ်တာတွေလည်း ကျူးလွန်ကြတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။ အာဏာသိမ်းပြီးမှ နောက်ပိုင်း နိုင်ငံအတွင်း သေဆုံးသည့် အရပ်သား ၁၀၀၀ ကျော်ထက်မနည်း ရှိသည်။

တိုက်ပွဲနှင့် ကပ်ဘေးလှိုင်းကြောင့် လူမှုဘဝထိခိုက်ကာ အားနည်းနေသည့် နိုင်ငံအဖြစ် ရောက်ရှိနေရပြီဖြစ်ရာ ကက်သလစ်ဘုန်းတော်ကြီးများ ညီလာခံ ဥက္ကဋ္ဌနှင့် ရန်ကုန်ဂိုဏ်းချုပ် ကက်သလစ်ဆရာတော်ကြီး ရဟန်းအမတ် ကာဒီနယ် ချားလ်မောင်ဘိုက ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို အများပြည်သူသိ ထပ်မံတောင်းဆိုလာခဲ့သည်။

ဩဂုတ် ၂၂ ရက်က ၎င်း၏ မေတ္တာစာတွင် ‘ပြည်သူတွေထံက တရားဝင် စီရင်အုပ်ချုပ်ခွင့် မရရှိတဲ့ အစိုးရတစ်ရပ်ဟာ ၎င်းတို့ရဲ့ တရားဝင် အုပ်ချုပ်ခွင့်ကို ဘုရားသခင်ထံမှလည်း မရရှိပါ” ဟု ဖော်ပြထားသည်။

“စစ်မှန်သော ဩဇာအာဏာဟာ ပုပ်ရဟန်းမင်းကြီး မကြာခဏမိန့်သလို အလုပ်အကျွေးပြု တာဝန်ထမ်းရွက်ခြင်းမှ ဆင်းသက်ပါတယ်”ဟု ၎င်းက ဆက်လက်ဆိုသည်။

“အပြစ်မဲ့သူတွေအပေါ် အတင်းအကျပ် အာဏာ မကျင့်သုံးပါနဲ့၊ ဘယ်လိုနိုင်ငံမျိုးမဆိုမှာ အစိုးရဟာ ပြည်သူတွေ အထက်က မရှိပါ၊ အစိုးရဟာ မျက်လုံးတစ်လုံးပဲ၊ ပြည်သူက နောက် မျက်လုံးပါ၊ မျက်လုံးနှစ်စုံနဲ့မှ မြင်ရမှာပါ” ဟု ဂိုဏ်းချုပ်ဆရာတော် ချားလ်မောင်ဘိုကဆိုပြီး ‘နိုင်ငံတစ်နိုင်ငံအနေနဲ့ တရားမျှတမှုအပေါ်မှာ တည်ဆောက်ရမယ်၊ ကျန်တာ အားလုံးကတော့ ကိုးကွယ်ခြင်းပဲ” ဟု မိန့်သည်။

ကာဒီနယ် ချားလ်မောင်ဘိုသည် ‘အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေး ကောင်းမွန်သော အိပ်မက် မက်ခွင့်သာစ’ ၎င်း၏ နိုင်ငံအတွင်း လက်ရှိ အခြေအနေများအတွက် စိတ်မကောင်းဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။

“ပျက်စီးသွားပြီဖြစ်တဲ့ ဘုရားသခင်ရဲ့ ဆုလာဘ်ကို မက်မောတဲ့ အနည်းစုသော တစ်ကိုယ်ကောင်းဆန်တဲ့ လူစုတွေနဲ့ ပြည်သူသန်းပေါင်းများစွာဟာ ငြိမ်းချမ်းရေး၊ အသက်ရှင်ရေးနဲ့ ချမ်းသာကြွယ်ဝရေး ဘုရားသခင်ဆုလာဘ်တော်ကို လုယက်နေကြတာ ကျွန်ုပ်တို့ မြင်ခဲ့ရတယ်”ဟု ၎င်းက ပြောသည်။

အာဏာရယူထားသူများသည် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး စံနမူနာများကို သစ္စာဖောက်နေကြောင်း ၎င်းက မှတ်ချက်ပြုရင်း ၎င်းတို့မှာ ‘အာဏာ၊ စည်းစိမ်၊ အလွန်အမင်း ကြွယ်ဝချမ်းသာမှု’အပေါ် စွဲမက်ခုံမင်ခြင်း၌ လှောင်ပိတ်နေကြပြီး ‘စီပွားရေး မမျှတမှုနှင့် လူမှုဝန်းကျင် မမျှတမှုများ’ ကို ဖန်တီးဖြစ်ပေါ်စေသည်ဟု အလေးထားဆိုသည်။

“ပြီးခဲ့သည့် ခြောက်လအတွင်း အာဏာသိမ်းမှုကြောင့် နိုင်ငံများ လူအများသေဆုံးရခြင်းနှင့်အတူ လူသားများ၏ ထိခိုက်နစ်နာမှုများအတွက်”လည်း ရှုတ်ချကြောင်း ၎င်းကပြောဆိုခဲ့သည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...