လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦးသေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦးသေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ဖက်ခြမ်း ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာအကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ရင်း တိုက်ပွဲ မိနစ် (၃၀) ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မ (၅၅) က အင်အား (၁၀၀) ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၂၃) ရက်နေ့မှာလည်း ကယန်းသာယာကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်ကိုဖောက်ထွင်းခြင်း၊ ကျေးရွာအနီးတောင်ယာထဲမှာ ပုန်းအောင်းနေကြတဲ့ ပြည်သူတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 
 

 

 

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...