လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦးသေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦးသေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ဖက်ခြမ်း ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာအကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ရင်း တိုက်ပွဲ မိနစ် (၃၀) ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မ (၅၅) က အင်အား (၁၀၀) ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၂၃) ရက်နေ့မှာလည်း ကယန်းသာယာကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်ကိုဖောက်ထွင်းခြင်း၊ ကျေးရွာအနီးတောင်ယာထဲမှာ ပုန်းအောင်းနေကြတဲ့ ပြည်သူတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...