ပုလဲနယ်ရွာ ၃ ရွာမှ ဆန်နှင့် စားသောက်ကုန်များကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူ

ပုလဲနယ်ရွာ ၃ ရွာမှ ဆန်နှင့် စားသောက်ကုန်များကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အတွင်းရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ကာ ဆန်နှင့် စားသောက်ကုန်များ ယူဆောင်သွားခဲ့သည်။

ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ပုလဲမြို့နှင့် ရှစ်မိုင်အကွာရှိ သတင်းရွာ၊ ကံကြီးရွာ၊ ကျူခြံရွာများသို့  စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဝင်ရောက်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ အနောက်မင်းမရွာမှာတော့ CDM ကျောင်းဆရာတစ်ယောက်အိမ်ကို ဝင်ဖျက်သွားတယ်။ နောက်ကျွန်တော်တို့ရွာတွေကို သေနတ်တွေဖောက်ပြီး ဆက်တိုက်ဝင်လာတယ်။ အိမ်တွေကို ဝင်မွှေကြတာ၊ မြင်တဲ့သူတွေပြန်ပြောပြတာတော့ ဆန်တွေကိုကားပေါ်တင်သွားတယ်။ ခုက ကျွန်တော်တို့လည်း ရှောင်ပြေးနေရတော့ ဘယ်လောက်ပါသွားလည်း သေချာမပြောနိုင်သေးပါဘူး” ဟု သတင်းရွာသားတစ်ဦးက ဆိုသည်။

သတင်း၊ ကံကြီးနှင့် ကျူခြံ ရွာများသည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ရွာကြီးများဖြစ်ပြီး ဘေးကပ်လျှက်ရွာနီးချင်းများဖြစ်သည်။

ရွာသားအများစုသည် ပဲမျိုးစုံနှင့် စပါးကို အဓိကစိုက်ပျိုးသည့် တောင်ယာအလုပ် လုပ်ကိုင်ကြသည်။

“ကျွန်တော်ထင်တာကတော့ သူတို့ရိက္ခာအတွက်ပဲ သက်သက်လာပြီး ဆန်တွေ၊ ဆီတွေလာရှာပြီးတင်သွားကြတာ၊ ဘာလို့လဲဆို ကျွန်တော်တို့ဆီမှာ တိုက်ပွဲလည်းမရှိဘူး။ အုပ်ကြီးတွေဘာတွေအသက်ခံရတာမျိုးလဲမရှိဘူး” ဟု စစ်ကောင်စီတပ်သားများက ပြည်သူ့ပစ္စည်းများ အတင်းအဓမ္မသိမ်းယူသည့်အပေါ် ကံကြီးရွာသားတစ်ဦးက ထင်မြင်ချက်ပေးသည်။

ကျေးရွာများတွင် ယနေ့ ဩဂုတ် ၂၃ ရက် မနက်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်သားများ ရှိနေသောကြောင့် ရွာသား ၃,၀၀၀ ခန့် နီးစပ်ရာ တောထဲသို့ တိမ်းရှောင်နေကြရသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...