ရန်ကုန်ရှိ ဆောက်လုပ်ရေးစီမံကိန်းအား ရပ်ဆိုင်းရန် ဂျပန်ကို လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

ရန်ကုန်ရှိ ဆောက်လုပ်ရေးစီမံကိန်းအား ရပ်ဆိုင်းရန် ဂျပန်ကို လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း
Y Complex စီမံကိန်းလုပ်ငန်းခွင်အား ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)
Y Complex စီမံကိန်းလုပ်ငန်းခွင်အား ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ဖျက်သိမ်းပေးရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များက ဂျပန်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ဂျပန် ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရဌာနတစ်ခုသည် ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းထောင့်ရှိ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ ၃.၉၅ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်ဖိုးရှိသည့် ဟိုတယ်တစ်လုံးနှင့် ရုံးခန်းများ စျေးဆိုင်များပါဝင်မည့် စီမံကိန်းတစ်ခုကို ဆောင်လုပ်လျက်ရှိသည်။

အဆိုပါ Y Complex စီမံကိန်းတွင် ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ပါဝင်မည်ဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းရသည်။

မြန်မာစစ်တပ်ကထိန်းချုပ်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာနသည် မြေယာငှားရမ်းခများမှတစ်ဆင့် ဤစီမံကိန်းမှ အကျိုးအမြတ်များရရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ဂျပန်သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်မှုများနှင့်ပတ်သက်သည့် အန္တရာယ်အလားအလာကို ဆန်းစစ်ရန် ပျက်ကွက်ခဲ့သည်ဟု Human Rights Watch အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များက ပြောသည်။

Mekong Watch အဖွဲ့၏ စီမံခန့်ခွဲရေးမှူး ယုကာကီဂုချီကလည်း “ဂျပန်ရဲ့ အများပြည်သူရန်ပုံငွေတွေ တပ်မတော်လက်ထဲ အဆုံးသတ်သွားမယ့် အရေးကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ပြောသည်။

ဂျပန်အစိုးရနှင့် ဂျပန်ကုမ္ပဏီများကမူ ကြားခံမှတစ်ဆင့် ပေးအပ်နေသော ငှားရမ်းခသည် မြန်မာစစ်တပ်ထံသို့မရောက်ဘဲ အစိုးရထံသို့ တိုက်ရိုက်ရောက်ရှိသည်ဟုယူဆကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 
 

 

 

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...