ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိ

ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိ

ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းကို ဇူလိုင်လ ၁၁ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

စံပြ (၆) မိုင်ကျေးရွာ အိမ်အမှတ် ၃-၂၇ မှာ စစ်ကောင်စီတပ်စွဲလျက်ရှိပြီး ၎င်းဘေးချင်းကပ်အိမ်မှာ အပုပ်နံ့ရရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကယန်းပြည်သစ်ပါတီ၊ ကယောငြိမ်းချမ်းရေးတပ်ဖွဲ့တို့မှ ဝင်ရောက်စစ်ဆေးကြည့်ရာ နေအိမ်အနောက်ဖက်ရှိ အိမ်သာကပ်လျက် ကျင်းဘေးမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတာ ၂ လခန့်ရှိပြီလို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုးတက်သော ကရင်ပြည်သူ့အင်အားစုရဲ့ မှတ်တမ်းအရ သေဆုံးသူ ၇၆ ဦးရှိတယ်လို့ ဇူလိုင်လ ၁ ရက်နေ့မှာထုတ်ပြန်ထားတဲ့ မှတ်တမ်းအရသိရပြီး စစ်ဘေးရှောင်သူဦးရေ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။

သေဆုံးမှုတွေထဲမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိနိုင်တော့တဲ့ အလောင်းတွေလည်း အမြောက်အများရှိနေတယ်လို့ သိရပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...