လယ်တောမှ နွားလှည်းဖြင့်ပြန်လာသော ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ်

လယ်တောမှ နွားလှည်းဖြင့်ပြန်လာသော ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ် ရွာသစ်ကြီးကျေးရွာတွင် လယ်တောမှ နွားလှည်းဖြင့်ပြန်လာသော အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့် အာဏာသိမ်းစစ်သား အယောက် ၂၀ ကျော်သည် ရွာသားဖြစ်သော ဦးသန်းဝေကို သွားရောက်ဖမ်းဆီးခေါ်ဆောင်လာသော လမ်းခရီးတွင် နွားလှည်းဖြင့်ပြန်လာသော ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲမှာ လက်နက်လုပ်တယ်ဆိုပြီး ဦးလေးတစ်ယောက်ရဲ့အိမ်ကို လာဝိုင်းပြီး စစ်တယ်။ နောက် ဦးလေးကိုလည်း ဖမ်းသွားတယ်။ အဲ့အချိန်မှာ လယ်တောကနေ နွားလှည်းမောင်းပြီး ရွာသား ၃ ယောက်ပြန်လာတယ်။ စစ်သားတွေက သူတို့ ၃ ယောက်ကို ရပ်ခိုင်းတာထင်တယ်။ နှစ်ယောက်က ဆင်းပြီးရပ်ပေးတယ်လို့ သိရတယ်။ လူအုပ်ကြီးနဲ့ဆိုတော့ နွားက ထိန်းမရတော့ သွားလိုက်တာကို စစ်သားတွေက နောက်ကနေ ၄ ချက် လိုက်ပစ်တယ်လို့သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

နွားလှည်းပေါ်တွင် ပစ်သတ်ခံရသော အမျိုးသားမှာ အသက် ၃၀ အရွယ် ကိုဘဂျမ်းဆိုသူဖြစ်ပြီး နောက်ကျောတွင် သေနတ်ထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကျေးရွာတွင် လက်နက်လုပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံရသော ဦးသန်းဝေကို ယမန်နေ့ညတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြန်လည်လွှတ်လိုက်သည်ဟု သိရသည်။

ဦးဘဂျမ်းကို ပစ်သတ်မှုနှင့် ဦးသန်းဝေကို ဖမ်းဆီးသွားသော အာဏာသိမ်းစစ်တပ်မှာ ဟိုပင်မြို့နယ် ရွာသစ်ကျေးရွာအခြေစိုက် စကခ ၃ အောက် ခမရ ၃၈၉ တပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...