ရခိုင်တွင် အဓမ္မပြုကျင့်မှုများကို ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို

ရခိုင်တွင် အဓမ္မပြုကျင့်မှုများကို ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို
ဓာတ်ပုံ - သရုပ်ဖော်ပုံ
ဓာတ်ပုံ - သရုပ်ဖော်ပုံ

ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အမှုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးများ က တောင်းဆိုနေကြသည်။

ရခိုင်ပြည်အတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် အဓမ္မမှုဖြစ်စဉ်များ မြင့်တက်လာနေခြင်း ဖြစ်ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၌ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသဖြင့် ကျူးလွန်သူနှင့် ပတ်သက်သူများကို ထိရောက်စွာ အရေးယူပေးရန်နှင့် အမှုကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် လိုလားနေကြခြင်း ဖြစ်သည်။

စစ်တွေဒေသခံ တက်ကြွလှုပ်ရှားသူ မစိုးမိုးနွယ်က “မုဒိမ်းမှုဆိုတာကတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ရာဇဝတ်မှုတစ်ခုပါ။ အဲဒီလိုမျိုး အမှုတွေကို ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရား ဥပဒေစိုးမိုးရေးကို ပိုပြီး ထိရောက်အောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြီးတော့ အမှုတွေကိုလည်း ပွင့်လင်း မြင်သာစွာ စစ်ဆေးပြီး ချပြသင့်တယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ အဆိုပါအမျိုးသမီးသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့၌ ခြေထောက်ကို ဆိုင်ကယ်ကျွတ်ဖြင့် ချည်နှောင်ကာ လက်နှစ်ဘက်ကိုလည်း နောက်ပြန် လက်ထိတ် ခတ်ထားပြီး ခန္ဓာကိုယ်အနှံ့ လှီးဖြတ်ထားသည့် ဒဏ်ရာများဖြင့် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် ကျူးလွန်သူ ၃ ဦးကို ဖမ်းဆီးထားပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ULA/AA ရဲတပ်ဖွဲ့ DELPS က ထုတ်ပြန်ထားသော်လည်း အလောင်းအား လက်ထိတ်ခတ်ထားသည့် အခြေ အနေများကြောင့် ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ယခုကဲ့သို့ ရခိုင်ပြည်အတွင်း အဓမ္မပြုကျင့်မှုများ ဖြစ်ပေါ်လာရခြင်းမှာ ယခင်က ဖြစ်ပွားခဲ့သည့် လိင်အကြမ်း ဖက်မှုများကို ထိရောက်စွာ မကိုင်တွယ်ခဲ့သည့် အကျိုးဆက်များကြောင့် ဖြစ်သည်ဟု ရှုမြင်နေကြပြီး၊ အမျိုးသမီးများ၏ လုံခြုံရေးအတွက် အမှုများကို ပွင့်လင်းမြင်သာစွာဖြင့် အပြင်းထန်ဆုံး အရေးယူပေးရန် လိုလားနေကြခြင်း ဖြစ်သည်။

မြောက်ဦးလူငယ်များအစည်းအရုံးမှ မမိမိပိုက “အရင်တုန်းက ဖြစ်ခဲ့တဲ့ မုဒိမ်းမှုတွေကို ထိရောက်စွာ အရေး မယူနိုင်ခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုလို့ မြင်မိတယ်။ ကိုယ့်ပြည်ကို အုပ်ချုပ်နေတဲ့ အခုလိုမျိုး ကာလမှာတောင်မှ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတာတွေက ဖြစ်သင့်သလားလို့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ အဲဒီလို မြင်တယ်” ဟု ပြောသည်။

DMG ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့အထိ ULA/AA ထိန်းချုပ်ထားသော ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝဒေသတို့တွင် ကလေးသူငယ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၁၆ ခုထက်မနည်း ရှိခဲ့ပြီး၊ ထိုအထဲ တွင် ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေမှု ၃ ခု ပါဝင်နေသည်။

ထိုသို့ ကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်နေမှု အပါအဝင် ပြစ်ဒဏ်စီရင်ချက်များကို ပွင့်လင်းမြင်သာစွာ မချပြခြင်းတို့ကြောင့် ပြည်သူ့လုံခြုံရေးကို တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ (DELPS) နှင့် တရားရေးဌာနများအပေါ် ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်လာနေခြင်း ဖြစ်သည်။

အခြားတစ်ဘက်တွင်လည်း ULA/AA ၏ DELPS နှင့် တရားရေးဌာနတို့သည် အကျင့်ပျက်ခြစားမှုများ ပြုလုပ် နေကြောင်း ယူဆမှုများ ရှိနေကြသဖြင့် ULA/AA အနေဖြင့် တရားဥပဒေစိုးမိုးရေးတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ကာ ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...