မော်ဝမ်းလေးစစ်ရှောင်များ နေရပ်ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ

မော်ဝမ်းလေးစစ်ရှောင်များ နေရပ်ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ စစ်ရှောင်ပြည်သူများသည် လက်နက်ကိုင်နှစ်ဖက်တပ်ဖွဲ့တို့၏ ညှိနှိုင်းမှုဖြင့် နေရပ်ပြန်လည်တော့မည်ဖြစ်ရာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြသည်။

တိုက်ပွဲများကြောင့် နှစ်နှစ်နီးပါး နေရပ်စွန့်ခွာခဲ့ရသည့် ကာလအတွင်း လူနေအိမ်အများစု မီးရှို့ဖျက်ဆီးခံထားရ သဖြင့် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် အကူအညီလိုအပ်နေသည်ဟု ဆွတ်ငိုင်ယန်ဒေသခံ အမျိုးသား တစ်ဦးက KNG ကို ပြောသည်။

“အခု နေရပ်ပြန်တဲ့အခါ အိမ်တွေကို အစကနေ ပြန်ဆောက်ရတော့မယ်။ ပြန်လာကြည့်တဲ့အခါ မီးရှို့ခံထားရတဲ့ အိမ်တွေက ပိုများနေတယ်။ ဒီလောက်ဆိုးရွားမယ်လို့ မထင်ထားဘူး။ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီ။”

ကျေးရွာအတွင်းရှိ နေအိမ်များသည် မီးရှို့ဖျက်ဆီးခံရခြင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက် ထိမှန်ခြင်း နှင့် ခိုးယူဖျက်ဆီးခံရခြင်းတို့ကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ပြင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကျေးရွာအတွင်း တပ်ဆင်ထားသည့် မိုးကြိုးလိုင်းများနှင့် တန်ဖိုးရှိ ပစ္စည်း များပါ ခိုးယူခံထားရသဖြင့် နေရပ်ပြန်လာမည့် ပြည်သူများအနေဖြင့် အခြေခံနေထိုင်ရေးအတွက်ပါ အခက်အခဲ များ ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ဩဂုတ်လ ၅ ရက်နေ့တွင် နေရပ်ပြန်လည်နေထိုင်ကြမည့် ဆွတ်ငိုင်ယန်စစ်ရှောင်ပြည်သူများအတွက် နေအိမ်ပြန်လည်ဆောက်လုပ်ရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဝိုင်းဝန်းကူညီပေးကြဖို့ ဒေသခံ များက တောင်းဆိုနေကြသည်။

ဆွတ်ငိုင်ယန် စစ်ရှောင်များကို ပြီးခဲ့သည့် မေလကတည်းက နေရပ်ပြန်နေထိုင်ခွင့်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ဘက်က ခွင့်ပြုထားခဲ့ပြီးနောက် စစ်တပ်ဘက်နှင့်လည်း ညှိနှိုင်းကာ ပြန်လည်နေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံအမျိုးသား တစ်ဦးက “စစ်တပ်ဘက်ကိုလည်း နေရပ်ပြန်ဖို့ တင်ပြခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း ခွင့်ပြုပေးခဲ့တော့ အခုလို ပြန်ဖို့ ပြင်ဆင်လိုက်ကြတာပါ” ဟု ပြောသည်။

လက်ရှိတွင် နေရပ်ပြန်မည့် စစ်ရှောင်များသည် လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သော်လည်း နေရပ်ပြန်ခွင့်ပြုထားသည့် နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲများ မဖြစ်ပွားအောင် ထိန်းသိမ်းပေးကြရန်လည်း ဒေသခံများက တောင်းဆိုထားကြသည်။

ဆွတ်ငိုင်ယန်ကျေးရွာသည် မော်ဝမ်းအုပ်စု၊ မော်ဝမ်းလေးကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော် နေထိုင်သည့် ကျေးရွာငယ်တစ်ခုဖြစ်ပြီး ဖားကန့်မြို့နယ် တပ်မကုန်းအနီးတွင် တည်ရှိသည်။

ဖားကန့်ဒေသတွင် ၂၀၂၄ ခုနှစ်က KIA ပူးပေါင်းတပ် နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ ပြီးနောက် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောလယန်နှင့် တောင်ပြိုစသည့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် နီးစပ်သည့် ကျေးရွာများမှ ဒေသခံအများအပြားသည် လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများတွင် ခိုလှုံနေ ကြသလို အချို့မှာ မြစ်ကြီးနားမြို့ပေါ်ဘက်အထိပါ ထွက်ပြေးတိမ်းရှောင်နေကြသည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...