မိုးကြောင့် ကွင်းလမ်းသွားလာရေး ခက်ခဲပြီး ကုန်တင်ယာဉ်များကို ဆင်၊ ထွန်စက်ဖြင့် ဆွဲထုတ်နေရ

မိုးကြောင့် ကွင်းလမ်းသွားလာရေး ခက်ခဲပြီး ကုန်တင်ယာဉ်များကို ဆင်၊ ထွန်စက်ဖြင့် ဆွဲထုတ်နေရ
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း

မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင် ပင်မလမ်း ပိုင်းကို အသုံးပြု၍ မရသေးသည့်အတွက် ယာဉ်များအနေဖြင့် ကွင်းလမ်းများကို အစားထိုး အသုံးပြုနေကြရ ကြောင်း ကားသမားများက ပြောသည်။

သို့သော် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကွင်းလမ်းများတွင် ဗွက်နှစ်ကာ လမ်းချော်နေသဖြင့် ကုန်တင်ယာဉ်များ ကို ဆင်များနှင့် ထွန်စက်များ၏ အကူအညီယူကာ ဆွဲထုတ်နေရကြောင်း ဒေသခံများနှင့် ကားသမားများက KNG သို့ ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “အခုက ကွင်းလမ်းရော ကားလမ်းရော အဆင်မပြေဘူး။ ကွင်းလမ်းကတော့ မိုး များလို့ ဗွက်နှစ်ပြီး လမ်းချော်တယ်။ ကားလမ်းကတော့ စစ်တပ်ဘက်က ပိတ်ထားတယ်။ ကားတွေကို ဆင် တွေ၊ ထွန်စက်တွေနဲ့ ဆွဲထုတ်နေရတယ်။ မိုးကလည်း ဆက်တိုက်ရွာနေလို့ လမ်းအခြေအနေက တော်တော် ဆိုးတယ်” ဟု ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စီပိန်းကျေးရွာတစ်ဝိုက်တွင် လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အဓိကဗျူဟာလမ်းပိုင်းကို ခရီးသွားများ ဆက်လက်အသုံးပြုခွင့် မရှိသေးသည့်အတွက် အင်းတော်မြို့ အနောက် ဘက် ကျေးရွာများကို ဖြတ်သန်းကာ မော်လူးဘက်သို့ ဆက်သွယ်ထားသည့် ကွင်းလမ်းကို ပြောင်းလဲ အသုံးပြု နေရခြင်း ဖြစ်သည်။

ဒေသခံအမျိုးသားတစ်ဦးက “မော်လူး - နဘားကြား စီပိန်းရွာထိပ်မှာ ပိတ်လိုက်တာ။ တိုက်ပွဲလည်း မဖြစ်ဘူး။ သေနတ်တွေပစ်ဖောက်ပြီးတော့ ပိတ်လိုက်တာ။ လမ်းပိတ်တယ်ဆိုတာကလည်း စစ်တပ်ဘက်ကပဲ ပိတ်နေတာ။ ပိတ်တာတော့ ဩဂုတ်လ ၁ ရက်နေ့က။ စစ်တပ်က ပိတ်လိုက်တာ။ စီပိန်းရွာကို စစ်တပ်ဘက်ကပဲ ထိန်းချုပ်ထားတာ” ဟု ဆက်ပြောသည်။

မန္တလေး - မြစ်ကြီးနား အရှေ့လမ်းပိုင်းကို စစ်တပ်က ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ ပြီးနောက် ယာဉ်များအနေဖြင့် ထီးချိုင့် - ကသာ - အင်းတော် လမ်းကြောင်းကို ပြန်လည်အသုံးပြုခဲ့ကြသည်။

သို့သော် ဇူလိုင်လအတွင်း စီပိန်းကျေးရွာတစ်ဝိုက် စစ်ရေးပြန်လည် တင်းမာလာမှုကြောင့် အဆိုပါလမ်းပိုင်းကို ထပ်မံအသုံးပြု၍ မရတော့ဘဲ ကားသမားများမှာ အင်းတော်မြို့အနောက်ဘက် ကျေးရွာများကို ဖြတ်သန်းရသည့် ကွင်းလမ်းဘက်သို့ လှည့်ခဲ့ကြရခြင်း ဖြစ်သည်။

လက်ရှိတွင် မန္တလေး - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ဆက်လက်အသုံးပြုခွင့် မရရှိသေးသလို အစားထိုး အသုံးပြုနေရသည့် ကွင်းလမ်းများမှာလည်း မိုးရာသီကြောင့် လမ်းအခြေအနေ ပိုမိုဆိုးရွားလာနေသဖြင့် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးများတွင် ဆက်လက် အခက်ကြုံနေရဆဲ ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...