မွန်ပြည်နယ်မှာတော့ ဒီကနေ့ ဇူလိုင် ၆ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးထိ စံချိန်တင်သေဆုံးမှု ထပ်မံဖြစ်ပေါ်ခဲ့တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကိုဗစ်အတည်ပြုလူနာ တစ်ရက်တည်း ၁၁ ဦးထိသေဆုံးတာဟာ ကိုဗစ်ရောဂါဖြစ်ပွားတဲ့ ကာလတွေအတွင်း မွန်ပြည်နယ်မှာ အမြင့်ဆုံး စံချိန်တင် သေဆုံးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုလို ကိုဗစ်အတည်ပြုလူနာတွေ နေ့စဉ်နဲ့အမျှ သေဆုံးနေမှုကို အမြန်ဆုံးအဖြေရှာဖို့ လိုအပ်နေပြီးလို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ ဇူလိုင် ၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၁၆၇ ဦးထိ စံချိန်တင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ကျော်ထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၃၄ ဦး သေဆုံးထားပါတယ်။







