မွန်ပြည်နယ်မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးထိ စံချိန်တင်သေဆုံး

မွန်ပြည်နယ်မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးထိ စံချိန်တင်သေဆုံး

မွန်ပြည်နယ်မှာတော့ ဒီကနေ့ ဇူလိုင် ၆ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးထိ စံချိန်တင်သေဆုံးမှု ထပ်မံဖြစ်ပေါ်ခဲ့တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာ တစ်ရက်တည်း ၁၁ ဦးထိသေဆုံးတာဟာ ကိုဗစ်ရောဂါဖြစ်ပွားတဲ့ ကာလတွေအတွင်း မွန်ပြည်နယ်မှာ အမြင့်ဆုံး စံချိန်တင် သေဆုံးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

အခုလို ကိုဗစ်အတည်ပြုလူနာတွေ နေ့စဉ်နဲ့အမျှ သေဆုံးနေမှုကို အမြန်ဆုံးအဖြေရှာဖို့ လိုအပ်နေပြီးလို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။

ရောဂါပိုးတွေ့ရှိမှုအရ ဇူလိုင် ၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၁၆၇ ဦးထိ စံချိန်တင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ကျော်ထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၃၄ ဦး သေဆုံးထားပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...