မြန်မာနိုင်ငံတွင် မျှတသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရန်လိုအပ်ဟု မြန်မာနိုင်ငံဆေးပညာရှင်အသင်း ထုတ်ပြန်

မြန်မာနိုင်ငံတွင် မျှတသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရန်လိုအပ်ဟု မြန်မာနိုင်ငံဆေးပညာရှင်အသင်း ထုတ်ပြန်

စစ်အာဏာရှင်စနစ်ကြောင့် မြန်မာနိုင်ငံတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခြေအနေမှာလည်း အဆိုးဝါးဆုံးဖြစ်နေပြီး မျှတသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရန်လိုအပ်ဟု မြန်မာနိုင်ငံဆေးပညာရှင်အသင်း၏ ဒဿမအကြိမ်ညီလာခံမှ ထုတ်ပြန်လိုက်သည်။

ပြည်သူတရပ်လုံးခွဲခြားမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုကို အမြင့်မားဆုံး ခံယူရရှိနိုင်ရန်အတွက် ကောင်းမွန်သော အမျိုးသားကျန်းမာရေးမူဝါဒနှင့် မျှတသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တရပ်ရှိရန် လိုအပ်ကြောင်း ညီလာခံထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ညီလာခံဆုံးဖြတ်ချက်ကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ပူးပေါင်းလက်တွဲသွားမယ်လို့ ဆုံးဖြတ်ပြီး လက်တွဲလုပ်ဆောင်သွားမယ်" လို့ ပြောရေးဆိုခွင့်ရှိသူ နိုင်အေးလွင်က သံလွင်တိုင်းမ်ကိုပြောသည်။

နှစ်ရက်ကြာ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆေးပညာရှင်အသင်း၏ ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအပါအဝင် ကိုယ်စားလှယ် (၉၀) ကျော် တက်ရောက်ခဲ့သည်။

ဒဿမအကြိမ်ညီလာခံမှ ၂၀၂၁-၂၀၂၃ သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီကိုလည်း ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံ ဆေးပညာရှင်အသင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားဖို့ ဆွေးနွေးနေဆဲဖြစ်ပြီး ညှိနှိုင်းမှုတွေလည်း လုပ်နေတယ်လို့ သိရသည်။

အဓိကအားဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်တရပ် ပေါ်ထွန်းဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုနှင့်ကိုက်ညီတဲ့ ကျန်းမာရေးစနစ်တရပ် ပေါ်ပေါက်ဖို့ ကော်မတီတရပ်ဖွဲ့စည်းပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်အေးလွင်က ပြောသည်။

မြန်မာနိုင်ငံ ဆေးပညာရှင်အသင်းကို ၁၉၉၁၊ ဇွန်လ ၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ မာနယ်ပလောဒေသ၌ စတင်ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းလည်းဖြစ်ကာ လက်ရှိတွင် ဥက္ကဌအဖြစ် ဒေါက်တာစင်သီယာမောင်က တာဝန်ယူဆောင်ရွက်နေသည်။

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...