စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တုန်ဟုန်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အဖိုးနှင့် ၃ နှစ်အရွယ် ၎င်း၏မြေးလေးတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ဇူလိုင် ၂ ရက် ယနေ့နံနက် ၉ နာရီခွဲတွင် ဒေါ့ဖုန်းယန်မှ ခယာဘွမ်လမ်းမပေါ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများကို တုန်ဟုန်း ကျေးရွာအနီး မန့်ဆိုင်းလမ်းကွေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရီမုတ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက သေနတ်ရမ်းသမ်းပစ်ခတ်ချိန် ယခုလို ထိခိုက်သွားခဲ့ခြင်းဖြစ်သည်။

“မိုးလဲချောင်းနားမှာ လယ်လုပ်ပြီးနေနေတဲ့ မြေးအဘိုးနှစ်ယောက် ထိသွားတယ်။ ဗုံးပေါက်တာကတော့ ၉ နာရီခွဲလောက်မှာ ၂ ကြိမ်ဟုတ်တယ်” ဟု နီးစပ်ရာ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အသက် ၆၀ ကျော်အရွယ်အဖိုး၏ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး၊ ၃ နှစ်အရွယ် မြေးလေး၏လက်တွင် ဒဏ်ရာရရှိထားသည်ဟု သိရသည်။

ယနေ့နံနက် မိုးမလင်းမှီကစပြီး စစ်ကောင်စီတပ်သားများသည် ဒေါ့ဖုန်းယန်မှ ခယာဘွမ်အထိ လမ်းမပေါ်နှင့် ကျေးရွာများတွင် စစ်အင်အားအများအပြား ပြန်လည်ချထားသည်ကိုတွေ့ရကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင်လည်း လိုင်ဇာမြို့အနီး ခယာဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ရန် လမ်းကြောင်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော်အသုံးပြုကာ လုံခြုံရေးယူပေးခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။

ယနေ့နံနက် စစ်ကောင်စီတပ်သားများကို KIA က ရီမုတ်မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုကို အသေးစိတ် မသိရသေးပါ။

 
 

 

 

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...